Celebrity


Written by Ms Cele





Credit:CELELUCKY

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် မြူးတူးပျော်ပါးခဲ့တဲ့ ပုံရိပ်တွေထွက်ပေါ်လာတဲ့ နေရွှေသွေးအောင်

ပရိသတ်ကြီးရေ နေရွှေသွေးအောင်(ခ) ဖိုးလပြည့်ကိုတော့ အားလုံး လည်း သိကြမယ် ထင်ပါတယ်နော်။ တစ်ခေတ် တစ်ခါက မြန်မာနိုင်ငံကို ဦးသန်းရွှေ အုပ်ချုပ်ခဲ့စဉ်က ဖိုးလပြည့်ဟာ လိုတိုင်းတရခဲ့တဲ့ လိုတရမင်းသား လိုပါပဲနော်။ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မာနထောင်လွှားခဲ့လို့ ကြည့်မရသူများစွာ ရှိနေခဲ့တာပါနော်။

စစ်ကောင်စီမှ အာဏာသိမ်းတဲ့ ဖြစ်စဉ် အပေါ်မှာလည်း ကြားနေအဖြစ်နဲ့သာ နေထိုင်ခဲ့သူပါနော်။ ရွေးကောက်ပွဲ ကာလတုန်း ကလည်း NLD ဘက်သို့ မဲတစ်မဲထည့်ခဲ့ကြောင်းကို ပြည်သူလူထုထံသို့ ချပြခဲ့ပါသေးတယ်နော်။ အခုလက်ရှိကာလ မှာတော့ အထိခိုက်များတဲ့ ပြည်သူတွေကို စာနာစိတ်ထားကြောင်းကို သူ့ရဲ့ Instagram တွင် တင်ထားပါသေးတယ်။ တကယ်စိတ်ရင်းနဲ့ လားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်နော်။

အခုလည်း နေရွှေသွေးအောင် တစ်ယောက် သင်္ကြန်ကာလမှာ ငွေဆောင် ကမ်းခြေတွင် ပျော်ပါးခဲ့တဲ့ ပုံတွေ ဟိုးလေးတကျော်ဖြစ်နေပါတယ်နော်။ ဒီပုံတွေနဲ့ ပတ်သက်ပြီးတော့ ဖိုးလပြည့်ဘက်မှ တစ်စုံတစ်ရာကိုမှ ပြန်လည်တုံ ့ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူးနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment