Celebrity

မြို့ပြနဲ့ဝေးပြီး အေးချမ်းတဲ့ ရွာလေးတစ်ရွာမှာ မိခင်ဖြစ်သူနဲ့အတူ ပျော်ရွှင်စွာ အနားယူနေတဲ့ အဆိုတော် ဆိုတေး

Written by Ms Cele

မြို့ပြနဲ့ဝေးပြီး အေးချမ်းတဲ့ ရွာလေးတစ်ရွာမှာ မိခင်ဖြစ်သူနဲ့အတူ ပျော်ရွှင်စွာ အနားယူနေတဲ့ အဆိုတော် ဆိုတေး




Credit:Swelsone News

မြို့ပြနဲ့ဝေးပြီး အေးချမ်းတဲ့ ရွာလေးတစ်ရွာမှာ မိခင်ဖြစ်သူနဲ့အတူ ပျော်ရွှင်စွွာ အနားယူနေတဲ့ အဆိုတော် ဆိုတေး

တေးရေး၊တေးဆို တစ်ဦးဖြစ်တဲ့ အဆိုတော်ဆိုတေး ကတော့ “မီးအိမ်ရှင်” သီချင်းလေးနဲ့ ပရိသတ် တွေရဲ့ရင်ထဲမှာ စတင်နေရာယူခဲ့တာ ဖြစ်ပါတယ် ။ အသံချိုချိုအေးအေးလေး ကို ပိုင်ဆိုင်ထားတဲ့ ဆိုတေးက အချစ် သီချင်းတွေနဲ့ အလွမ်းသီချင်း ကောင်းလေးတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်သူ ဖြစ်ပါတယ် ။ ဆိုတေးက တစ်ကိုယ်တော် အခွေသာမက သီချင်းကောင်းတွေ အများအပြားထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်ပရိသတ် တွေရဲ့အားပေးမှုကိုလည်း အပြတ်အသတ် ရရှိခဲ့တာ ဖြစ်ပါတယ် ။

အခုချိန် အထိလည်း ဆိုတေးက သူဝါသနာပါတဲ့ အလုပ်ကိုသာ အားစိုက်လုပ်ကိုင်ရင်း သီချင်းတွေ ဆက်လက် ဖန်တီးနေတာ ဖြစ်ပါတယ် ။ ဆိုတေးရဲ့ဂီတ လှုပ်ရှားမှုတွေနဲ့ သီချင်းသစ်တွေကိုတော့ သူ့ရဲ့ပရိသတ်တွေက အမြဲစောင့်ကြည့်ပြီး အားပေး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆိုတေးတစ်ယောက် သူချစ်ရတဲ့မိခင်ကြီးနဲ့အတူ သာယာတဲ့နေရာလေး တစ်ခုမှာ ပျော်ပျော်ပါးပါး အနားယူနေတာ ဖြစ်ပါတယ် ။

ဆိုတေးက “မြို့ပြနဲ့ဝေးရာ သာယာသောနေရာလေးဆီသို့” ဆိုပြီး စိမ်းစိုလှပတဲ့ သဘာဝရှုခင်းနဲ့ အေးချမ်းတဲ့ရွာလေးမှာ ပျော်နေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဆိုတေးကတော့ ရွာအနှံ့လျှောက် လည်ရင်း စိုက်ခင်းတွေ၊သီးပင်စားပင်တွေနဲ့ ဓာတ်ပုံရိုက်ကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဆိုတေးတို့သား အမိနှစ်ယောက်ရဲ့အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment