Local News

ႀကံ့ခိုင္ေရး ပါတီ အစိုးရ ဖြဲ႕နိုင္ရင္ တစ္ႏွစ္ အတြင္း နိုင္ငံ့ ဝန္ထမ္း ေတြကို လစာ တိုးေပးမယ္ တဲ့ဗ်ာ

Written by Ms Cele

ႀကံ့ခိုင္ေရး ပါတီ အစိုးရ ဖြဲ႕နိုင္ရင္ တစ္ႏွစ္ အတြင္း နိုင္ငံ့ ဝန္ထမ္း ေတြကို လစာ တိုးေပးမယ္ တဲ့ဗ်ာ

ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရး ပါတီ ၂၀၂၀ေရြးေကာက္ပြဲနိုင္၍ အစိုးရဖြဲ႕နိုင္ ပါက နိုင္ငံ့ဝန္ထမ္း မ်ားကို ပထမ တစ္ႏွစ္အတြင္း လစာတိုးေပးမည္ ျဖစ္ေၾကာင္း ယင္းပါတီ ၏ ဥကၠဌျဖစ္သူ ဦးသန္းေဌး ကေျပာသည္။ ယေန႔တြင္ ေတာင္သူ လယ္သမား၊ အလုပ္သမားႏွင့္ နိုင္ငံ့ဝန္ထမ္းမ်ား အတြက္ ေဆာင္ရြက္ေပးမည့္ လုပ္ငန္းအာမခံ ခ်က္မ်ား ေျပာၾကားရာတြင္ ယင္းကဲ့သို႔ ထည့္သြင္းေျပာ ၾကားျခင္းျဖစ္သည္။

“နိုင္ငံ့ဝန္ထမ္းေတြ ေက်ာင္းဆရာမျဖစ္ျဖစ္ ေက်ာင္းဆရာျဖစ္ျဖစ္ ရဲျဖစ္ျဖစ္ စစ္သားျဖစ္ျဖစ္ က်န္တဲ့ဝန္ႀကီး ဌာနအသီးသီးက ဝန္ထမ္းေတြပဲ ျဖစ္ျဖစ္ အဲဒီလူေတြလာဘ္မစားပဲနဲ႔ သူ႔ဘဝသူ သိကၡာရွိရွိေနနိုင္ေအာင္ လုပ္သြားမယ္။ ဦးသိန္းစိန္ အစိုးရေခါင္းေဆာင္တုန္းက သုံးႀကိမ္လစာတိုး ေပးပါတယ္။ “ဟု ၎ကေျပာသည္။ ထို႔အျပင္ ဦးသန္းေဌးက ” ဒါေပမယ့္ ဒီဘက္အစိုးရတက္ လာတဲ့အခ်ိန္မွာ အဲဒါေတြအကုန္ရပ္သြားတယ္။

အခုငါးႏွစ္တာ ကာလ အတြင္းမွာ တစ္ခ်ိန္ပဲတိုးတာ အာမခံခ်က္ ေပးတာေတြ ကေတာ့ အေကာင္းစားေတြ ၾကားေကာင္း ေအာင္ ေျပာၾကတာပါပဲ” ” လက္ေတြ႕ လုပ္ခဲ့တာက ကၽြန္ေတာ္ တို႔ လုပ္ခဲ့တာ။ ဘယ္လို လုပ္ရသလဲဆိုတာ ကိုလည္း နားလည္ တယ္။ အဲဒါေၾကာင့္ ရဲရဲတင္းတင္းပဲ ကၽြန္ေတာ္ကတိ ေပးထားတယ္။ ပထမတစ္ႏွစ္အတြင္းမွာ ဝန္ထမ္းေတြအတြက္ လစာတိုးေပးမယ္”ဟု ေျပာသည္။

ျပည္ခိုင္ၿဖိဳးပါတီ၏ ေရြးေကာက္ပြဲေၾကည စာတမ္းတြင္ အမ်ိဳးသားအက်ိဳးစီးပြားကို ျမႇင့္တင္၍ ျမန္မာ့လူ႔အ ဖြဲ႕အစည္း တစ္ရပ္လုံး ဂုဏ္သိကၡာ ျမင့္မားေရးကို ေဆာင္ရြက္မည္ဟု ပါရွိေၾကာင္း သိရသည္။ The post ႀကံ့ခိုင္ေရးပါတီ အစိုးရဖြဲ႕နိုင္ပါက နိုင္ငံ့ဝန္ထမ္း မ်ားကို တစ္ႏွစ္အတြင္း လစာတိုးေပးမည္ဟု ဦးသန္းေဌး ကတိေပး

ကြံ့ခိုင်ရေး ပါတီ အစိုးရ ဖွဲ့နိုင်ရင် တစ်နှစ် အတွင်း နိုင်ငံ့ ဝန်ထမ်း တွေကို လစာ တိုးပေးမယ် တဲ့ဗျာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ၂၀၂ဝရွေးကောက်ပွဲနိုင်၍ အစိုးရဖွဲ့နိုင် ပါက နိုင်ငံ့ဝန်ထမ်း များကို ပထမ တစ်နှစ်အတွင်း လစာတိုးပေးမည် ဖြစ်ကြောင်း ယင်းပါတီ ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေး ကပြောသည်။ ယနေ့တွင် တောင်သူ လယ်သမား၊ အလုပ်သမားနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် ဆောင်ရွက်ပေးမည့် လုပ်ငန်းအာမခံ ချက်များ ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

“နိုင်ငံ့ဝန်ထမ်းတွေ ကျောင်းဆရာမဖြစ်ဖြစ် ကျောင်းဆရာဖြစ်ဖြစ် ရဲဖြစ်ဖြစ် စစ်သားဖြစ်ဖြစ် ကျန်တဲ့ဝန်ကြီး ဌာနအသီးသီးက ဝန်ထမ်းတွေပဲ ဖြစ်ဖြစ် အဲဒီလူတွေလာဘ်မစားပဲနဲ့ သူ့ဘဝသူ သိက္ခာရှိရှိနေနိုင်အောင် လုပ်သွားမယ်။ ဦးသိန်းစိန် အစိုးရခေါင်းဆောင်တုန်းက သုံးကြိမ်လစာတိုး ပေးပါတယ်။ “ဟု ၎င်းကပြောသည်။ ထို့အပြင် ဦးသန်းဌေးက ” ဒါပေမယ့် ဒီဘက်အစိုးရတက် လာတဲ့အချိန်မှာ အဲဒါတွေအကုန်ရပ်သွားတယ်။

အခုငါးနှစ်တာ ကာလ အတွင်းမှာ တစ်ချိန်ပဲတိုးတာ အာမခံချက် ပေးတာတွေ ကတော့ အကောင်းစားတွေ ကြားကောင်း အောင် ပြောကြတာပါပဲ” ” လက်တွေ့ လုပ်ခဲ့တာက ကျွန်တော် တို့ လုပ်ခဲ့တာ။ ဘယ်လို လုပ်ရသလဲဆိုတာ ကိုလည်း နားလည် တယ်။ အဲဒါကြောင့် ရဲရဲတင်းတင်းပဲ ကျွန်တော်ကတိ ပေးထားတယ်။ ပထမတစ်နှစ်အတွင်းမှာ ဝန်ထမ်းတွေအတွက် လစာတိုးပေးမယ်”ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြေည စာတမ်းတွင် အမျိုးသားအကျိုးစီးပွားကို မြှင့်တင်၍ မြန်မာ့လူ့အ ဖွဲ့အစည်း တစ်ရပ်လုံး ဂုဏ်သိက္ခာ မြင့်မားရေးကို ဆောင်ရွက်မည်ဟု ပါရှိကြောင်း သိရသည်။ The post ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ပါက နိုင်ငံ့ဝန်ထမ်း များကို တစ်နှစ်အတွင်း လစာတိုးပေးမည်ဟု ဦးသန်းဌေး ကတိပေး

About the author

Ms Cele

Leave a Comment