Celebrity


Written by Ms Cele






Credit:San Kyi par

နိုင်ငံရပ်ခြားက သမက်လေးကို စားရေးသောက်ရေး အဆင်ပြေအောင် စီစဉ်ပေးတဲ့ မိခင်ဖြစ်သူ အကြောင်းကို ပြောလာတဲ့ အိမ့်ချစ်

နိုင်ငံကျော် အဆိုတော် မလေး အိမ့်ချစ် ကတော့ အသံပါဝါ အားကောင်းကောင်းနဲ့ ပရိသတ် အကြိုက် သီချင်းတွေကို သီဆိုတတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ့်ချစ် ကတော့ အခုဆိုရင် အိမ်ထောင်ရှင်မကြီး တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး အနုပညာ အလုပ်တွေကိုလုပ်ကိုင်ရင်း တစ်ဖက် မှာလည်း သူမရဲ့ ကြင်စဦးအိမ်ထောင်သည် ဘဝလေးကို သာယာအေးချမ်းအောင် တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သူမဘဝကို နွေးထွေးလုံခြုံစေပြီး ကြင်နာမှုတွေ အပြည့်ပေးနိုင်တဲ့ ချစ်သူနဲ့ ရွှေလက်တွဲခဲ့ပြီမို့ ပရိသတ်တွေက အိမ့်ချစ် အတွက် ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

အိမ့်ချစ်တစ်ယောက် အိမ်ထောင်ဖက် ကောင်းတစ်ယောက်ရရှိခဲ့ပြီမို့ ပရိသတ်တွေက ဝမ်းသာကြသလို အိမ့်ချစ်ရဲ့ မေမေကလည်း သမီးလေး အတွက် စိတ်ချလက်ချဖြစ်ကာ သားမက်လေးကိုလည်း သားအရင်းလေး တစ်ယောက်လို ချစ်ရှာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိမ့်ချစ်ရဲ့ အမျိုးသားက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အလုပ်လုပ်နေရတာမို့ တစ်ယောက်တည်းနေနေရပြီး အိမ့်ချစ်ရဲ့ မေမေက သားမက်လေး စားရေးသောက်ရေးအဆင်ပြေစေဖို့ ” ယောက္ခမကြီးမှ ချစ်သားလေးစားဖို့ ဘန်ကောက်ပို့ဖို့ အကုန်စီစဉ်နေတာ ” ဆိုပြီး ပြောပြလာပါတယ်။

အိမ့်ချစ်ကတော့ သူမရဲ့ မိသားစုဝင်တွေ အားလုံးနဲ့ အဆင်ပြေတဲ့ အိမ်ထောင်ရေး တစ်ခုကြောင့် ပိုပြီး ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထောင်ကျ ကံကောင်းတဲ့ အိမ့်ချစ်အတွက် ထပ်တူ ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:San Kyi par

About the author

Ms Cele

Leave a Comment