Celebrity


Written by Ms Cele






နိုင်ငံရပ်ခြားနဲ့ ရင်ဘောင်တန်းပြီး နိုင်ငံခြားက ပေးတဲ့ ဆုကို ရရှိခဲ့တဲ့ ဇနီးချောလေးကို ဝမ်းသာဂုဏ်ယူ နေတဲ့ ရွှေထူး

ပရိသတ်တွေ ချစ်ကြတဲ့ အဆိုတော် ရွှေထူး ကတော့ တစ်နိုင်ငံလုံးက သည်းသည်းလှုပ် ချစ်ရတဲ့ မင်းသမီး ချောလေး ရွှေမှုံရတီရဲ့ အချစ်ကို သိမ်းပိုက် ထားနိုင် ခဲ့တဲ့ ကံကောင်းသူကြီး တစ်ယောက် ပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီ ကတော့ အချစ်မှာ ကန့်သတ်ချက် တွေမရှိဘူး ဆိုတဲ့ စကားအတိုင်း အချိန် တိုလေး အတွင်း တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာ ချစ်မိခဲ့ပြီး ရွှေလက်တွဲခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ အခုဆိုရင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ တစ်ယောက်ရဲ့ အလုပ်ကို တစ်ယောက် ကူညီလုပ်ဆောင် ပေးရင်း သာယာတဲ့ အိမ်ထောင် တစ်ခုကို အတူတူ တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ရွှေထူးက နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်ဘောင်တန်းပြီး ရုပ်ရှင်ထူးချွန်ဆုကြီး တစ်ဆု ဆွတ်ခူးနိုင်တဲ့ ချစ်ဇနီး အတွက် ဝမ်းသာဂုဏ်ယူ နေတာကို တွေ့ရပါတယ်။ ရွှေထူး က Druk International film festival (DIFF) မှာ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Supporting Actress Outstanding Achievement Award Winner ဖြစ်ခဲ့တဲ့ ချစ်ဇနီးရွှေမှုံရတီကို “ကြမ်းသောဂေါ် 🔥” ဆိုပြီး ဝမ်းသာ ဂုဏ်ယူကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ နိုင်ငံတကာ က ချီးမြှင့်တဲ့ ထူးချွန်ဆုကြီးကို ပထမဦးဆုံး အကြိမ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ရွှေထူးလိုပဲ ရွှေမှုံရတီအတွက် ဝမ်းသာ ဂုဏ်ယူနေကြ မယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment