Celebrity


Written by Ms Cele






နိုင်ငံရပ်ခြားမှာ နေရတာ ကြာပြီဖြစ်လို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုကို လွမ်းဆွတ်ကြောင်း ပြောပြလာတဲ့ ယွန်းဝတီလွင်မိုး

ပရိသတ်ကြီးရေ ခေးခေးလို့ ချစ်စနိုးခေါ်ကြတဲ့ လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးဟာဆိုရင် အသက်ငယ်ရွယ်တဲ့ အချိန်မှာ အိမ်ထောင်ပြုပြီး ချစ်စရာသားချောလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။ ပရိသတ်တွေ ကလည်း ယွန်းဝတီလွင်မိုးအပြင် သူမတို့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကို ချစ်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ တက္ကသိုလ်တက်နေတဲ့ ယွန်းဝတီလွင်မိုးက သူမရဲ့ အမျိုးသားနဲ့ အတူတူရှိနေရတယ်ဆိုပေမယ့် မြန်မာပြည်မှာကျန်ရစ်ခဲ့တဲ့ အဖေ၊ အမေ၊ ညီမလေးနဲ့ သားလေး Liam တို့ကို နေ့စဉ်နဲ့အမျှ သတိရနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယွန်းဝတီလွင်မိုးက သူမတို့မိသားစုရဲ့ အမှတ်တရဓာတ်ပုံလေးကို ပြန်လည်မျှဝေရင်း “ဒီလိုမိသားစုခရီးလေး ပြန်ထွက်ချင်မိ 🤍😍” ဆိုပြီး သူမရဲ့ ရင်ထဲက ဆန္ဒလေးတစ်ခုကို ထုတ်ဖော်ပြောပြလာတာပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက သူမ ကိုယ်တိုင်လည်း ကိုဗစ်ရောဂါပိုး အခြေအနေတွေကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရသလို ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ ကိုလည်း သတိရနေတာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုး တစ်ယောက် မကြာခင်အချိန်အတွင်းမှာပဲ မြန်မာပြည်ပြန်လာပြီး မိသားစုနဲ့အတူတူ ဆုံတွေ့နိုင်ပါစေနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Yun Waddy Lwin Moe’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment