Celebrity


Written by Ms Cele






နိုင်ငံရပ်ခြား တိုင်းတပါးမှာ မြန့်မာ့ဂုဏ်ကိုဆောင်နိုင်စေခဲ့တဲ့ သူငယ်ချင်းလေးကို ဂုဏ်ယူကြောင်းပြောပြလာတဲ့ Ar-T

နိုင်ငံကျော် အနုပညာရှင် များဖြစ်ကြ တဲ့ အဆိုတော် Ar-T နဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည် တို့ ကတော့ ကျင်လည်ရာ အနုပညာ နယ်ပယ်ချင်း မတူညီကြပေမယ့် တစ်ယောက် နဲ့ တစ်ယောက် အမြဲတမ်း ဖေးဖေးမမ ရှိတဲ့ သူငယ်ချင်း တွေပဲ ဖြစ်ပါတယ်။ Ar-T ကလည်း သူငယ်ချင်း ဝတ်မှုံရွှေရည် ရဲ့ အကောင်းဆုံး၊ အဆိုးဆုံးဆိုတဲ့ အချိန်တွေမှာ အတူတူရှိ ပေးခဲ့သလို ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ သူငယ်ချင်း Ar-T ကို မောင်နှမလို မိသားစုလို သဘောထား တာပဲ ဖြစ်ပါတယ်။ Ar-T နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ သူငယ်ချင်း သံယောဇဉ်က အဆိုရင် ဆယ်စုနှစ် တစ်စု တောင်ရှိပြီဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ခိုင်ခိုင်မြဲနေကြဆဲ ဖြစ်ပါ တယ်။

ဒီကနေ့မှာ တော့ Ar-T က တိုင်းတစ်ပါး မှာ မြန်မာဆိုတာကို ဂုဏ်တင့် စေခဲ့တဲ့ သူငယ်ချင်း ဝတ်မှုံရွှေရည် အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာ တာကို တွေ့ရပါတယ်။ Ar-T က ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Bangkok International Documentary Awards 2020 အခမ်းအနားကြီး မှာ မြန်မာနိုင်ငံကိုယ်စားပြု အကဲဖြတ်ဒိုင်အဖြစ် ဖိတ်ကြားခံခဲ့ရတဲ့ ဝတ်မှုံရွှေရည် အတွက် ထပ်တူဝမ်းသာဂုဏ်ယူနေကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသား လာတာ ဖြစ်ပါတယ်။

Ar-T ကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ဝတ်မှုံရွှေရည်အတွက် ထပ်တူ ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်အတွက် Ar-T သာမကပဲ မြန်မာပရိသတ်တွေ အားလုံး ဝမ်းသာနေမယ်လို့ ယုံကြည်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment