Celebrity

ႏိုင္ငံေက်ာ္ မင္းသမီး ႏွစ္ေယာက္နဲ႕အတူ ရိုက္ကူးေရးမွာ ပါ၀င္ခြင့္ရလို႕ ၀မ္းသာဂုဏ္ယူ ေနရတဲ့ ပန္းေရာင္ျခယ္

Written by Ms Cele

ႏိုင္ငံေက်ာ္ မင္းသမီး ႏွစ္ေယာက္နဲ႕အတူ ရိုက္ကူးေရးမွာ ပါ၀င္ခြင့္ရလို႕ ၀မ္းသာဂုဏ္ယူ ေနရတဲ့ ပန္းေရာင္ျခယ္

နိုင္ငံေက်ာ္ စတူဒီယို ေတးသံရွင္ ဂေရဟမ္ရဲ့ သမီးၾကီးျဖစ္သူ ပန္းေရာင္ျခယ္ ကေတာ့ နိုက္တင္ေဂးငွက္ေလးလို သာယာၾကည္ေအး တဲ့ အသံေလးကို ပိုင္ဆိုင္ထား ရံုသာမက ျမင္သူတိုင္း ခ်စ္ခင္ရတဲ့ မ်က္နွာလွလွေလး ကိုပါ ပိုင္ဆိုင္ထားသူ တစ္ေယာက္ပါ။ ပန္းေရာင္ျခယ္ က သူမဖခင္ရဲ့ ေျခရာကိုနင္းျပီး အဆိုေတာ္ တစ္ေယာက္အျဖစ္ အနုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့တယ္ ဆိုေပမယ့္ အခုဆိုရင္ ေၾကာ္ျငာေတြကိုပါ ရိုက္ကူးေနျပီး “လိပ္ျပာ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္မင္းသမီး တစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့တာကို ေတြ့ရပါတယ္။

ေအာင္ျမင္ေနတဲ့ အနုပညာရွင္ တစ္ေယာက္ပီပီ အနုပညာလႈပ္ရွားမႈေတြ အဆက္မျပတ္ လုပ္ကို္င္ေနရတဲ့ ပန္းေရာင္ျခယ္က ဒီကေန့ မွာေတာ့ နုိင္ငံေက်ာ္ အကယ္ဒမီ မင္းသမီးၾကီးေတြျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေရႊရည္တို့နဲ့အတူတူ အလွကုန္ပစၥည္းေၾကာ္ျငာတစ္ခုကို ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္ကေတာ့ လွလည္းလွ၊ ၾကင္လည္းၾကင္နာျပီး ဂ်ဴနီယာေလး တစ္ေယာက္ကို ေႏြးေႏြးေထြးေထြးၾကိဳဆိုၾကတဲ့ စီနီယာ မင္းသမီးေတြနဲ့ အလုပ္လုပ္ ခြင့္ရလို့ သူမကိုယ္သူမ ဂုဏ္ယူေနတာပဲ ျဖစ္ပါတယ္။

ပန္းေရာင္ျခယ္ ကေတာ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေရႊရည္တို့နဲ့အတူတူ ရိုက္ကြင္းေပၚက အမွတ္တရေလးကို မွ်ေဝရင္း သူမရဲ့ မေမ့နုိင္တဲ့ အမွတ္တရေလး ကို ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပန္းေရာင္ျခယ္၊ အိျႏၵာေက်ာ္ဇင္နဲ့ ဝတ္မႈံေရႊရည္တို့ရဲ့ ေၾကာ္ျငာေလး ထြက္ရိွလာရင္ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

နိုင်ငံကျော် မင်းသမီး နှစ်ယောက်နဲ့အတူ ရိုက်ကူးရေးမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာဂုဏ်ယူ နေရတဲ့ ပန်းရောင်ခြယ်

နိုင်ငံကျော် စတူဒီယို တေးသံရှင် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ် ကတော့ နိုက်တင်ဂေးငှက်လေးလို သာယာကြည်အေး တဲ့ အသံလေးကို ပိုင်ဆိုင်ထား ရုံသာမက မြင်သူတိုင်း ချစ်ခင်ရတဲ့ မျက်နှာလှလှလေး ကိုပါ ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ပန်းရောင်ခြယ် က သူမဖခင်ရဲ့ ခြေရာကိုနင်းပြီး အဆိုတော် တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့တယ် ဆိုပေမယ့် အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီး “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်ပီပီ အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ် လုပ်ကို်င်နေရတဲ့ ပန်းရောင်ခြယ်က ဒီကနေ့ မှာတော့ နိုင်ငံကျော် အကယ်ဒမီ မင်းသမီးကြီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ အလှကုန်ပစ္စည်းကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ လှလည်းလှ၊ ကြင်လည်းကြင်နာပြီး ဂျူနီယာလေး တစ်ယောက်ကို နွေးနွေးထွေးထွေးကြိုဆိုကြတဲ့ စီနီယာ မင်းသမီးတွေနဲ့ အလုပ်လုပ် ခွင့်ရလို့ သူမကိုယ်သူမ ဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ် ကတော့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ရိုက်ကွင်းပေါ်က အမှတ်တရလေးကို မျှဝေရင်း သူမရဲ့ မမေ့နိုင်တဲ့ အမှတ်တရလေး ကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်၊ အိန္ဒြာကျော်ဇင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment