Celebrity

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဆီက ႏွစ္သစ္ဆုေတာင္း စကားနဲ႔တကြ လက္ေဆာင္ေလး ကို ဂုဏ္ယူစြာ လက္ခံ ရရွိခဲ့တဲ့ ႏွင္းဆီ အဖြဲ႕သားမ်ား

Written by Ms Cele

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဆီက ႏွစ္သစ္ဆုေတာင္း စကားနဲ႔တကြ လက္ေဆာင္ေလး ကို ဂုဏ္ယူစြာ လက္ခံ ရရွိခဲ့တဲ့ ႏွင္းဆီ အဖြဲ႕သားမ်ား

ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) ဦးစီးၿပီး ေနတိုး၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ ထြန္းထြန္း၊ မိုးယုစံ၊ ေမကဗ်ာ၊ မိုးျပည့္ျပည့္ေမာင္တို႔ ပါဝင္ တဲ့ ႏွင္းဆီအဖြဲ႕ႀကီး ကေတာ့ ႏွစ္စဥ္ႏွစ္တိုင္းလိုလို အခက္အခဲျဖစ္ေနတဲ့ ျမန္မာျပည္အႏွံ႔က ေဒသေတြကို ကူညီဖို႔ ရံပုံေငြေဖ်ာ္ေျဖပြဲေတြ က်င္းပေလ့ရွိတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြ ကလည္း မင္းသား မင္းသမီး ေခ်ာေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ႏွင္းဆီအဖြဲ႕ကို တစ္ႏွစ္မွ မပ်က္ကြက္ပဲ အားေပးၾကတာကို ေတြ႕ရပါတယ္။ လက္ရွိ (၂၀၂၀) မွာေတာ့ ကိုဗစ္အေျခအေနေတြေၾကာင့္ အရင္လို အၿငိမ့္ပြဲေတြ မကျဖစ္ေပမယ့္ ႏွင္းဆီအဖြဲ႕သားေတြ ကေတာ့ အြန္လိုင္းေဖ်ာ္ေျဖပြဲေတြျပဳလုပ္ရင္း ပရိသတ္နဲ႔ ထိေတြ႕ေနၾကဆဲ ျဖစ္ပါတယ္။

ႏွစ္စဥ္ရံပုံေငြေဖ်ာ္ေျဖပြဲႀကီးေတြ ျပဳလုပ္ၿပီး အခက္အခဲျဖစ္ေနတဲ့ ေဒသေတြကို လႉဒါန္းေပးၾကတဲ့ ႏွင္းဆီအဖြဲ႕သား ေတြက ဒီကေန႔ မွာေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဆီက ႏွစ္သစ္လက္ေဆာင္ေလး ရရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးမွ ေဒၚေအာင္ဆန္းဆုၾကည္ရဲ႕ ႏွစ္သစ္ဆုေတာင္း စကား၊ လက္မွတ္ေလးနဲ႔တကြ ကိတ္မုန႔္ေလး တစ္လုံးလက္ေဆာင္ရရွိခဲ့ေၾကာင္း ႏွင္းဆီအဖြဲ႕သား တစ္ေယာက္ျဖစ္တဲ့ မင္းေမာ္ကြန္းက သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာ တာပဲ ျဖစ္ပါတယ္။

ႏွင္းဆီအဖြဲ႕သားေတြက ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေမြးေန႔ေတြမွာ အမွတ္တရ လက္ေဆာင္နဲ႔ အခါႀကီး ရက္ႀကီး ေန႔ေတြမွာ ဂါရဝျပဳ လက္ေဆာင္ေတြ ပို႔ေပးေလ့ရွိသလို ဒီတစ္ေခါက္ မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဆီက လက္ေဆာင္ေလး ျပန္လည္ရရွိခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္ေလာက္ဆို ႏွင္းဆီအဖြဲ႕သားအားလုံး ဝမ္းသာဂုဏ္ယူ ေနၾကမွာ အေသအခ်ာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:San Kyi Par

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆီက နှစ်သစ်ဆုတောင်း စကားနဲ့တကွ လက်ဆောင်လေး ကို ဂုဏ်ယူစွာ လက်ခံ ရရှိခဲ့တဲ့ နှင်းဆီ အဖွဲ့သားများ

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ မိုးယုစံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်တို့ ပါဝင် တဲ့ နှင်းဆီအဖွဲ့ကြီး ကတော့ နှစ်စဉ်နှစ်တိုင်းလိုလို အခက်အခဲဖြစ်နေတဲ့ မြန်မာပြည်အနှံ့က ဒေသတွေကို ကူညီဖို့ ရံပုံငွေဖျော်ဖြေပွဲတွေ ကျင်းပလေ့ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း မင်းသား မင်းသမီး ချောတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့ကို တစ်နှစ်မှ မပျက်ကွက်ပဲ အားပေးကြတာကို တွေ့ရပါတယ်။ လက်ရှိ (၂၀၂၀) မှာတော့ ကိုဗစ်အခြေအနေတွေကြောင့် အရင်လို အငြိမ့်ပွဲတွေ မကဖြစ်ပေမယ့် နှင်းဆီအဖွဲ့သားတွေ ကတော့ အွန်လိုင်းဖျော်ဖြေပွဲတွေပြုလုပ်ရင်း ပရိသတ်နဲ့ ထိတွေ့နေကြဆဲ ဖြစ်ပါတယ်။

နှစ်စဉ်ရံပုံငွေဖျော်ဖြေပွဲကြီးတွေ ပြုလုပ်ပြီး အခက်အခဲဖြစ်နေတဲ့ ဒေသတွေကို လှူဒါန်းပေးကြတဲ့ နှင်းဆီအဖွဲ့သား တွေက ဒီကနေ့ မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီက နှစ်သစ်လက်ဆောင်လေး ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ နှစ်သစ်ဆုတောင်း စကား၊ လက်မှတ်လေးနဲ့တကွ ကိတ်မုန့်လေး တစ်လုံးလက်ဆောင်ရရှိခဲ့ကြောင်း နှင်းဆီအဖွဲ့သား တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာ တာပဲ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေက ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့တွေမှာ အမှတ်တရ လက်ဆောင်နဲ့ အခါကြီး ရက်ကြီး နေ့တွေမှာ ဂါရဝပြု လက်ဆောင်တွေ ပို့ပေးလေ့ရှိသလို ဒီတစ်ခေါက် မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဆီက လက်ဆောင်လေး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်လောက်ဆို နှင်းဆီအဖွဲ့သားအားလုံး ဝမ်းသာဂုဏ်ယူ နေကြမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:San Kyi Par

About the author

Ms Cele

Leave a Comment