Celebrity


Written by Ms Cele






နုပျိုပြီး လှပပြီး ညီအစ်မလို့တောင် ထင်ရတဲ့ မိခင်ဖြစ်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်း ပေးလိုက်တဲ့ ရတနာခင်

သရုပ်ဆောင် ရတနာခင် ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် သားသုံးယောက် မိခင်ဖြစ်နေပြီဖြစ်တဲ့ ရတနာခင်ကတော့ အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီဖြစ်ပြီး မိသားစုတာဝန်တွေကိုသာ ထမ်းဆောင်နေတဲ့ အိမ်ထောင်ရှင်မဖြစ်လို့ နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ ရတနာခင်အပြင် သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပါ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁) ရက်နေ့ကတော့ ရတနာခင်ရဲ့ ကျေးဇူးရှင် မေမေ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရတနာခင် ကတော့ သူမရဲ့ အချစ်ဆုံးမေမေ အတွက် “Happy Birthday ပါမေကြီး😘🥰😍အသက်ရှည် ကျန်းမာပါစေ၊ ဝိပဿနာတရားတွေ ကိုလည်း ကျန်းမာစွာဖြင့် အားထုတ်နိုင်ပါစေ၊ မေကြီးချစ်တဲ့ သားသမီး မြေးတွေ နဲ့ အတူတူ အပူအပင် သောကမရှိ ပျော်ရွှင်စွာ နေနိုင်ပါစေ ❤️🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရတနာခင်ရဲ့ မေမေ ကတော့ အရမ်းကို အရွယ်တင် နုပျိုပြီး မင်းသမီးဖြစ်တဲ့ သမီးနဲ့အပြိုင် ချောမော လွန်းတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ ရတနာခင်တို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ကြပြီး ကျန်းမာချမ်းသာကြ ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Yadanar Khin’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment