Celebrity


Written by Ms Cele






နှင်းဆီပန်း အကြီးကြီးကို ကိုင်ကာ ပရိသတ်တွေကို စိတ်ဝင်စားအောင် ပြုလုပ်လိုက်တဲ့ အိချောပို

စူစူလို့ ပရိသတ် တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ လူလေးလှရုံ သာမကပဲ ခန္ဓာကိုယ်အချိုးအစား ကလည်း လုံးကြီးပေါက်လှနဲ့ ဆွဲဆောင်မှု အပြည့်ရှိတာကြောင့် အပြစ်ရယ်လို့ ဆိုဖွယ်ရာမရှိတဲ့ မင်းသမီးလေး တစ်လက်ပါပဲ။ အိချောပိုကတော့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေရိုက်ကူးရင်း အောင်မြင်တဲ့နေရာ တစ်နေရာကို ရောက်ရှိနေပြီဆိုပေမယ့် အကယ်ဒမီဆုကြီး နဲ့တော့ လွဲချော်နေဆဲပဲ ဖြစ်ပါတယ်။ အိချောပို ကတော့ အကယ်ဒမီဆုရခြင်းမရခြင်းထက် ပရိသတ်တွေအတွက် ခံစားမှုရ သကောင်းတွေ ပေးစွမ်းနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုသာ ရိုက်ကူးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အနုပညာသက်တမ်း (၉) နှစ်ကျော်ရှိနေပြီ ဖြစ်တဲ့ အိချောပိုက ဖြတ်သန်းလာတဲ့ အချိန် တစ်လျှောက် အချစ်ရေးနဲ့ ပက်သတ်ပြီး တစ်စွန်းတစ်စမှ သတင်းထွက်ရှိခြင်း မရှိခဲ့သူတစ်ယောက်ပါ။ ပရိသတ်တွေ ကလည်း အိချောပိုရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး အရမ်းကို သိချင်နေကြတာဖြစ်ပြီး ဒီကနေ့မှာတော့ အိချောပိုက သူမထက်တောင် ကြီးမားတဲ့ နှင်းဆီပန်းနီနီကြီးတွေနဲ့ ဓာတ်ပုံတွေကို ချပြလာပြီး ပရိသတ် တွေကို စိတ်ဝင်စားစေ ခဲ့တာပဲ ဖြစ်ပါတယ်။

အိချောပိုကတော့ အခုလောက်လှတဲ့ နှင်းဆီပန်းကြီးတွေကို ဘယ်သူ့ဆီ ကများ လက်ဆောင်အဖြစ် ရရှိခဲ့လဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာပါပဲ။ ပရိသတ်ကြီးလည်း အိချောပိုကို ဘယ်သူကများ လက်ဆောင်ပေးလဲ သိချင်နေကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment