Celebrity


Written by Ms Cele





Credit:Swelsone News

နှင်းတွေကျနေတာကို သဘောကျနေတဲ့ သမီးလေးကို ချီရင်း နှင်းတွေကြားထဲ ပျော်ရွှင်နေကြတဲ့ အောင်လအန်ဆန်တို့ မိသားစု

မြန်မာဂုဏ်ဆောင် အောင်လအန် ကတော့ မြန်မာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်မှုကို အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ လက်ဝှေ့အားကစား သမား တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ်ကို မြင့်တင်ပေးနေတဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ အောင်လအန်ဆန် ကတော့ ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေးဆန့်ဆိုင်း တို့ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။

လက်ဝှေ့လေ့ကျင့်မှုတွေ ကိုလည်း ပုံမှန်ပြုလုပ်လျက်ရှိနေခဲ့တဲ့ အောင်လအန်ဆန် ကတော့ ယခုမှာ ချစ်ရတဲ့ သားသမီးလေးတွေကို အချိန်ပေးလျက် ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ နှင်းကျတာကို ပထမဆုံးမြင်ဖူးလို့ သဘောတွေကျနေတဲ့ ချစ်သမီးလေးဆန့်ဆိုင်းကို ချီရင်း မိသားစုလေးနဲ့အတူ နှင်းလေးတွေကြားမှာ ပျော်ရွှင်နေခဲ့ပါတယ်။ အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ ပြုံးပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ မြင်ရသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

အောင်လအန်ဆန် ကတော့ “For a man from Myanmar one day of snow is enough . San Seng got to experience snow for the first time and she loved it. “ဆိုပြီး ပျော်ရွှင်နေ ကြတဲ့ ပုံရိပ်လေးတွေ နဲ့အတူ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထား ခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ နှင်းလေးတွေကြားမှာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင် ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment