Celebrity

ႏွစ္ဆန္းတစ္ရက္ေန႔မွာ သက္ႀကီးဘိုးဘြားမ်ား ကန္ေတာ့ပြဲကို ကူညီလႉဒါန္းမႈမ်ား ကိုယ္တိုင္ျပဳလုပ္ ေပးခဲ့တဲ့ ေဝဠဳေက်ာ္

Written by Ms Cele

ႏွစ္ဆန္းတစ္ရက္ေန႔မွာ သက္ႀကီးဘိုးဘြားမ်ား ကန္ေတာ့ပြဲကို ကူညီလႉဒါန္းမႈမ်ား ကိုယ္တိုင္ျပဳလုပ္ ေပးခဲ့တဲ့ ေဝဠဳေက်ာ္

ပရဟိတ အလုပ္ေတြကို ဆက္တိုက္ လုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြ မွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနၿပီး လႉဒါန္းမႈေတြကို အဆက္မျပတ္ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ အစားအေသာက္ေတြ ေပးေဝလႉဒါန္းကာ ေန႔စဥ္နဲ႔အမၽွ လႉဒါန္းကုသိုလ္ယူ ေနတာလည္း ေတြ႕ရပါတယ္။

ခုလိုကာလ မွာလည္း စားဝတ္ေနေရး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြ အတြက္ ကိုယ္တိုင္လည္း ပါဝင္လႉဒါန္းသလို အလႉရွင္ေတြ ကိုယ္စားလည္း သြားေရာက္ကာ ကူညီေဖးမ လႉဒါန္းျခင္းေတြျပဳလုပ္ေပးလ်က္ရွိပါတယ္။

ဒီေန႔ႏွစ္ဆန္း တစ္ရက္ေန႔ မွာလည္း သက္ႀကီး ဘိုးဘြားမ်ား ကန္ေတာ့ပြဲမွာ ကိုယ္တိုင္လုပ္အားေပးရင္းေကာင္းမႈ ကုသိုလ္မ်ားျပဳလုပ္ခဲ့ျပန္ပါတယ္။ဘိုးဘြားေတြကို လႉဒါန္းေနတဲ့ အလႉပုံေလးေတြနဲ႔အတူ ” ႏွစ္ဆန္းတစ္ရက္ေန႔ရဲ့ လႉၾက ကူၾကတဲ့ သက္ႀကီး ဘိုးဘြားမ်ား ကန္ေတာ့ပြဲ”ဆိုတဲ့စာေလးကို ေဝမၽွထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Wai Lu Kyaw

နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲကို ကူညီလှူဒါန်းမှုများ ကိုယ်တိုင်ပြုလုပ် ပေးခဲ့တဲ့ ဝေဠုကျော်

ပရဟိတ အလုပ်တွေကို ဆက်တိုက် လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကို အဆက်မပြတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အစားအသောက်တွေ ပေးဝေလှူဒါန်းကာ နေ့စဉ်နဲ့အမျှ လှူဒါန်းကုသိုလ်ယူ နေတာလည်း တွေ့ရပါတယ်။

ခုလိုကာလ မှာလည်း စားဝတ်နေရေး အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အတွက် ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းသလို အလှူရှင်တွေ ကိုယ်စားလည်း သွားရောက်ကာ ကူညီဖေးမ လှူဒါန်းခြင်းတွေပြုလုပ်ပေးလျက်ရှိပါတယ်။

ဒီနေ့နှစ်ဆန်း တစ်ရက်နေ့ မှာလည်း သက်ကြီး ဘိုးဘွားများ ကန်တော့ပွဲမှာ ကိုယ်တိုင်လုပ်အားပေးရင်းကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ပြန်ပါတယ်။ဘိုးဘွားတွေကို လှူဒါန်းနေတဲ့ အလှူပုံလေးတွေနဲ့အတူ ” နှစ်ဆန်းတစ်ရက်နေ့ရဲ့ လှူကြ ကူကြတဲ့ သက်ကြီး ဘိုးဘွားများ ကန်တော့ပွဲ”ဆိုတဲ့စာလေးကို ဝေမျှထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Wai Lu Kyaw

About the author

Ms Cele

Leave a Comment