Celebrity


Written by Ms Cele





Credit:Swelsone News

နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ အတူ စတင်ခဲ့ ရလို့ အပျော်ကြီး ပျော်နေကြတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ မင်းသားချော ဘုန်းလျှံကတော့ အနုပညာ လောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့ မင်းသား ချောလည်း ဖြစ်ပြီးတော့ ဗီဒီယိုဇာတ်ကား ပေါင်းများစွာကို ရိုက်ကူးခဲ့ သူလည်းဖြစ်ပါတယ်။ ဘုန်းလျှံဟာ ပြစ်ဒဏ်ကလွတ်မြောက်ပြီးနောက်မှာဆိုရင် ကိုယ်ပိုင်မိသားစု ဘဝလေးကို တည်ထောင်ထားပြီးတော့ ချစ်စရာဇနီးချောလေးနဲ့ အတူ နေထိုင်နေတာ လည်းဖြစ်ပါတယ်။

ဘုန်းလျှံဟာ အခုလက်ရှိမှာ ဆိုရင်လည်း ဇနီးချောလေးနဲ့အတူ အစားအသောက် တွေရောင်းချနေတာလည်းဖြစ်ပြီးတော့ ရခိုင်ကြက် သောက်ဆမ်း၊ မျှစ်ချက်၊ ရခိုင်ငရုတ်သီးထောင်း၊ အချိုပွဲတို့ကိုပါ ရောင်းချနေတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ဇနီးလေးဟာ ဆိုရင်လည်း ဘုန်းလျှံအပေါ်ကို ကြင်ကြင်နာနာနဲ့ဂရုစိုက်တတ်တဲ့ သူလည်းဖြစ်ပြီး သူတို့ဇနီးမောင်နှံလေးဟာလည်း ကြည်နူးအားကျစရာ လေးပါနော်။

အခုဆိုရင်လည်း ဘုန်းလျှံတို့ဇနီးမောင်နှံဟာ New Yearကို stay cationသွားရောက်ရင်းဟိုတယ်မှာ အပန်းဖြေနေကြတာ ဖြစ်ပါတယ်။ အပန်းဖြေအနားယူကြရင်း ဘုန်းလျှံတို့ဇနီးမောင်နှံ ဟာ နှစ်သစ်မှာ ထီဆုကံထူးခဲ့တာဖြစ်ပြီး မကြာသေးမီက ဘုန်းလျှံဟာသူ့ရဲ့ Facebookစာမျက်နှာမှာ “Happy new year Lucky 2021..နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တို့ ထီဆု အသေးပေါက် တယ်ဗျာ။ 2021ရဲ့ ကံကောင်းခြင်းတွေစပီဗျာ..” ဆိုပြီးရေးသားထားပါတယ်။ ကဲပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment