Celebrity


Written by Ms Cele





Credit:Swelsone News

နှစ်သစ်မှာ ခိုင်နှင်းဝေဂေဟာမှာ အလှူငွေများ သွားရောက်လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ ကျော်ထက်အောင်

ပရိသတ် အချစ်တော် ကျော်ထက်အောင် ကတော့ စကားပြောစွမ်းရည် အလွန်ကောင်းပြီး ချိုသာတဲ့ အပြုံးတွေနဲ့ ပရိသတ်တွေ ရင်ထဲရောက်ရှိခဲတဲ့ အစီစဉ် တင်ဆက်သူလေး တစ်ဦး ဖြစ်ပါတယ်။ အစီစဉ်တင်ဆက်သူ အဖြစ် အနုပညာလမ်းကြောင်းထဲ စတင်ဝင်ရောက် လာပြီး ယခုဆို ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံ ရိုက်ကူးလာကာ အနုပညာလမ်းကို ဆက်လက် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ပင်ကိုယ်က အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားပြီး ရယ်လိုက်တဲ့ အခါ ပေါ်လာတဲ့ ပါးချိုင့်တွေက နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ကို လှုပ်ခပ်စေတာပဲ ဖြစ်ပါတယ်။

လတ်တလော မှာလည်း လူမှုကွန်ယက်စာမျက်နှာမှာ ဖြူဖြူကျော်သိန်း နဲ့ အတူ romantic ဆန်ဆန်ရိုက်ကူး ထားတဲ့ ပုံတွေကြောင့်လည်း အားလုံးအသည်းယားပြီး ဝင်းရံတာကို ခံနေရတာပဲ ဖြစ်ပါတယ်။ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အရပ်အမောင်းကလည်း ပြောစရာ မရှိလောက်အောင် မိုက်နေတော့ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ် ဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။ မကြာမကြာမှာလည်း ပွဲတွေ တက်လိုက် အလှဓာတ်ပုံတွေကို စတိုင်ကျကျ ရိုက်ကူးနေပြီး တစ်ခါတစ်ံရံမှာ အလှူတမ်းတွေ လုပ်ကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း အလှူအတမ်း လုပ်ထားတဲ့ ပုံလေး တွေကို ချပြလာတာပဲဖြစ်ပါတယ်။2021မှာ အလှူအတမ်းလေးနဲ့ ကောင်းမှု ကုသိုလ်တွေ လူပ်နေတဲ့ အကြောင်းကို “Magical World (Real Estate) Company ကိုယ်စား 2021 နှစ်သစ်အလှူကို မခိုင်နှင်းဝေ ရဲ့ ပရဟိတ ဂေဟာ မှာ လှူဖြစ်ခဲ့တဲ့ အမှတ်တရ ပုံရိပ်” ဆိုတဲ့ ခေါင်းစဉ်လေး တပ်ပြီး ပီတိနဲ့ လှူဖြစ်ခဲ့တဲ့ ပုံလေးတွေ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း ကျော်ထက်အောင်နဲ့ အတူ သာဓုခေါ်ဆို လိုက်ကြပါဦးနော်…..။

Credit:Swelsone News

About the author

Ms Cele

Leave a Comment