Celebrity

ႏွစ္သစ္မွာ ဓာတ္ပံုေလးတစ္ပံုနဲ႕ ပ်ိဳမဒီတို႕ရဲ႕ အသဲေတြကို ကြဲသြားေအာင္ လုပ္လိုက္တဲ့ ေက်ာ္မင္းဦး

Written by Ms Cele

ႏွစ္သစ္မွာ ဓာတ္ပံုေလးတစ္ပံုနဲ႕ ပ်ိဳမဒီတို႕ရဲ႕ အသဲေတြကို ကြဲသြားေအာင္ လုပ္လိုက္တဲ့ ေက်ာ္မင္းဦး

နိုင္ငံေက်ာ္ ျမန္မာ့လက္ေရြးစင္ ေဘာလုံးသမား ေက်ာ္မင္းဦး ကေတာ့ မင္းသားတစ္ေယာက္လို ေခ်ာေမာတဲ့ ႐ုပ္ရည္ကို ပိုင္ဆိုင္ထားတာေၾကာင့္ မိန္းကေလးေတြရဲ့ စိတ္ဝင္စားမႈကို အျပည့္အဝရရွိ ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေက်ာ္မင္းဦးကေတာ့ သူ႔ရဲ့ ဒူးဒဏ္ရာေၾကာင့္ အခ်ိန္အေတာ္ၾကာ ေဘာလုံးေလာကကေန အနားယူခဲ့ၿပီး လက္ရွိမွာေတာ့ ေဘာလုံး အားကစားနဲ႔ အတူတူ အႏုပညာအလုပ္ေတြကို သင့္တင့္စြာ အခ်ိန္ေပးလုပ္ကိုင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ေက်ာ္မင္းဦးက သီခ်င္း MV နဲ႔ ေၾကာ္ျငာအခ်ိဳ႕မွာ ပါဝင္သ႐ုပ္ေဆာင္ ေပးေနတာ ပရိသတ္ႀကီးလည္း သတိထားမိၾကမယ္ ထင္ပါတယ္။

မိန္းကေလးပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားတဲ့ ေက်ာ္မင္းဦးက ဒီကေန႔မွာေတာ့ ဓာတ္ပုံေလး တစ္ပုံကို ခ်ျပၿပီး ပရိသတ္ေတြကို အသည္းခြဲသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ေက်ာ္မင္းဦးက မိန္းကေလးတစ္ေယာက္နဲ႔ လက္ခ်င္းတင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားတဲ့ ဓာတ္ပုံေလးကို သူ႔ရဲ့ ေဖ့စ္ဘုတ္ My Day ကေနတဆင့္ ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးအတြက္ ေက်ာ္မင္းဦးကိုယ္တိုင္တင္ထားတဲ့ ဓာတ္ပုံေလးကို မၽွေဝေပးလိုက္ပါတယ္ေနာ္။

ေက်ာ္မင္းဦးကေတာ့ မိန္းကေလး တစ္ေယာက္နဲ႔ လက္ခ်င္းဆုပ္ကိုင္ထားတဲ့ ဓာတ္ပုံနဲ႔ ခ်စ္သူရွိေနၿပီလား ထင္ရေလာက္ေအာင္ ပရိသတ္ေတြကို အံ့ၾသေစခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေက်ာ္မင္းဦးရဲ့ ဓာတ္ပုံထဲက လက္ပိုင္ရွင္ မိန္းကေလးကို သိခ်င္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit: Cele Connections

နှစ်သစ်မှာ ဓာတ်ပုံလေးတစ်ပုံနဲ့ ပျိုမဒီတို့ရဲ့ အသဲတွေကို ကွဲသွားအောင် လုပ်လိုက်တဲ့ ကျော်မင်းဦး

နိုင်ငံကျော် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကျော်မင်းဦး ကတော့ မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိ ထားသူတစ်ယောက် ဖြစ်ပါတယ်။ ကျော်မင်းဦးကတော့ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ ဘောလုံးလောကကနေ အနားယူခဲ့ပြီး လက်ရှိမှာတော့ ဘောလုံး အားကစားနဲ့ အတူတူ အနုပညာအလုပ်တွေကို သင့်တင့်စွာ အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျော်မင်းဦးက သီချင်း MV နဲ့ ကြော်ငြာအချို့မှာ ပါဝင်သရုပ်ဆောင် ပေးနေတာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ကျော်မင်းဦးက ဒီကနေ့မှာတော့ ဓာတ်ပုံလေး တစ်ပုံကို ချပြပြီး ပရိသတ်တွေကို အသည်းခွဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးက မိန်းကလေးတစ်ယောက်နဲ့ လက်ချင်းတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ ဓာတ်ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကျော်မင်းဦးကိုယ်တိုင်တင်ထားတဲ့ ဓာတ်ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကျော်မင်းဦးကတော့ မိန်းကလေး တစ်ယောက်နဲ့ လက်ချင်းဆုပ်ကိုင်ထားတဲ့ ဓာတ်ပုံနဲ့ ချစ်သူရှိနေပြီလား ထင်ရလောက်အောင် ပရိသတ်တွေကို အံ့သြစေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်မင်းဦးရဲ့ ဓာတ်ပုံထဲက လက်ပိုင်ရှင် မိန်းကလေးကို သိချင်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit: Cele Connections

About the author

Ms Cele

Leave a Comment