Celebrity

ႏွစ္သစ္မွာ ရန္ႀကီးေအာင္ေတာရစခန္းတြင္ သိန္းေပါင္းေျမာက္ျမားစြာ လွဴဒါန္းၿပီး ကုသိုလ္ယူခဲ့တဲ့ စမိုင္းလ္တို႕မိသားစု

Written by Ms Cele

ႏွစ္သစ္မွာ ရန္ႀကီးေအာင္ေတာရစခန္းတြင္ သိန္းေပါင္းေျမာက္ျမားစြာ လွဴဒါန္းၿပီး ကုသိုလ္ယူခဲ့တဲ့ စမိုင္းလ္တို႕မိသားစု

မင္းသမီးေခ်ာ စမိုင္းလ္ ကေတာ့ ခ်စ္ရတဲ့သမီးေခ်ာေလးေတြ နဲ႔အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္ ။ဒါ့အျပင္ စမိုင္းလ္က အလႉအတန္းနဲ႔ ပတ္သက္ရင္လည္း ရက္ရက္ေရာေရာရွိၿပီး ေစတနာထက္သန္စြာ မၾကာခဏဆိုသလို လႉဒါန္းေလ့ရွိ တာလည္းျဖစ္ပါတယ္ ။

အႏုပညာ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္လ်က္ ရွိေနခဲ့တဲ့ သူမကေတာ့ ၾကည္ႏူးစရာေကာင္းလြန္းတဲ့ မိသားစု ဘဝေလးကိုလည္း ဖန္တီးတည္ေဆာက္ ထားနိုင္သူေလးျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထား နိုင္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ စမိုင္းလ္ကေတာ့ အခုလည္း ႏွစ္သစ္အစေလးမွာ လမ္းမီးတိုင္ လိုအပ္ေနတဲ့ ရန္ႀကီးေအာင္ေတာရစခန္းမွာ မီးတိုင္ ၅၀ စာ သိန္း ၂၅၀ဖိုး လႉဒါန္းခဲကေၾကာင္း ပုံေလးေတြနဲ႔အတူ ” 2021 ရဲ့ႏွစ္ဦးအလႉ အျမန္လမ္းမိုင္၆၀ရန္ႀကီးေအာင္ေတာရစခန္းတြင္ လမ္းမီးတိုင္မ်ားရရွိရန္အတြက္ လမ္းမီးတိုင္ ၅၀စာ သိန္း ၂၅၀ လႉဒါန္းကုသိုလ္ျပဳ။ အမ်ားသူငွါအဆင္ေျပရန္ လမ္းမီးတိုင္မ်ားလႉဒါန္းရျခင္းေၾကာင့္ ဘဝတြင္အေၾကာင့္အက်အခက္အခဲ မရွိအဆင္ေျပပါေစဘုရား။ စိတ္ရွိသေလာက္ လႉနိုင္ေသာသူျဖစ္ပရေစဘုရား”ဆိုတဲ့စာေလးကို ေဝမၽွထားရာ ပရိသတ္ႀကီးလည္း စမိုင္းလ္ရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ မၽွေဝေပး လိုက္ပါတယ္။

Credit:Swelsone News

နှစ်သစ်မှာ ရန်ကြီးအောင်တောရစခန်းတွင် သိန်းပေါင်းမြောက်မြားစွာ လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ စမိုင်းလ်တို့မိသားစု

မင်းသမီးချော စမိုင်းလ် ကတော့ ချစ်ရတဲ့သမီးချောလေးတွေ နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ဒါ့အပြင် စမိုင်းလ်က အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ရက်ရက်ရောရောရှိပြီး စေတနာထက်သန်စွာ မကြာခဏဆိုသလို လှူဒါန်းလေ့ရှိ တာလည်းဖြစ်ပါတယ် ။

အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက် ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစု ဘဝလေးကိုလည်း ဖန်တီးတည်ဆောက် ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထား နိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ စမိုင်းလ်ကတော့ အခုလည်း နှစ်သစ်အစလေးမှာ လမ်းမီးတိုင် လိုအပ်နေတဲ့ ရန်ကြီးအောင်တောရစခန်းမှာ မီးတိုင် ၅၀ စာ သိန်း ၂၅ဝဖိုး လှူဒါန်းခဲကကြောင်း ပုံလေးတွေနဲ့အတူ ” 2021 ရဲ့နှစ်ဦးအလှူ အမြန်လမ်းမိုင်၆ဝရန်ကြီးအောင်တောရစခန်းတွင် လမ်းမီးတိုင်များရရှိရန်အတွက် လမ်းမီးတိုင် ၅ဝစာ သိန်း ၂၅၀ လှူဒါန်းကုသိုလ်ပြု။ အများသူငှါအဆင်ပြေရန် လမ်းမီးတိုင်များလှူဒါန်းရခြင်းကြောင့် ဘဝတွင်အကြောင့်အကျအခက်အခဲ မရှိအဆင်ပြေပါစေဘုရား။ စိတ်ရှိသလောက် လှူနိုင်သောသူဖြစ်ပရစေဘုရား”ဆိုတဲ့စာလေးကို ဝေမျှထားရာ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် မျှဝေပေး လိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment