Celebrity

ႏွစ္သစ္မွာ အရမ္းခ်စ္စရာေကာင္းၿပီး လိုက္ဖက္တဲ့ စံုတြဲပံုေတြကို ျပသလာတဲ့ ေမာင္နဲ႕ ရီရီပြင့္ျဖဴ

Written by Ms Cele

ႏွစ္သစ္မွာ အရမ္းခ်စ္စရာေကာင္းၿပီး လိုက္ဖက္တဲ့ စံုတြဲပံုေတြကို ျပသလာတဲ့ ေမာင္နဲ႕ ရီရီပြင့္ျဖဴ

တစ္ေယာက္နဲ ႔တစ္ေယာက္ ခ်စ္ျခင္းေမတၱာေတြနဲ႔ ခ်ည္ေႏွာင္ခဲ့ၾကတာ (၇) ႏွစ္ေက်ာ္လာခဲ့ၿပီ ျဖစ္တဲ့ စိန္ၿဖိဳးလွိုင္နဲ႔ ရီရီပြင့္ျဖဴတို႔ စုံတြဲေလးဟာ မဂၤလာႏွစ္သစ္မွာ ႏွစ္ေယာက္တြဲ ပုံေလးေတြ ေဝမၽွခဲ့ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ေျပာစရာမလိုေအာင္ နားလည္ေနတဲ့ အခ်ိန္အတိုင္းအတာ တစ္ခုထိ လက္တြဲလာခဲ့ၾကသူေတြဆိုေတာ့ ႏွစ္ေယာက္သားရဲ့ ေမတၱာအတိမ္အနက္ဟာ ေျပာစရာကိုမလိုေတာ့ပါဘူး။

ႏွစ္ေယာက္အတူ ၾကည္ႏူးေနတဲ့အခိုက္အတန႔္ေတြ၊ ေပ်ာ္ရႊင္ေနတဲ့ အခိုက္အတန႔္ေတြကိုလည္း ပရိသတ္ေတြကို ေဝမၽွၿပီး အားလုံးနဲ႔အတူတူ မၽွေဝခံစားတတ္ၾကပါတယ္။ အျမဲတမ္း အစားတလိုင္းေလးေတြ ျဖစ္ေနၾကသလို ႏွစ္ေယာက္ဆုံၿပီဆိုတာနဲ႔ တစ္ခုခုစားဖို႔ တိုင္ပင္တတ္ၾက သူေလးေတြပါ။

ႏွစ္တစ္ႏွစ္ရဲ့ပထမဆုံး ေန႔ေတြကို အတူတူျဖတ္သန္းခဲ့ တာလည္း (၇) ႏွစ္တိုင္ခဲ့ၿပီျဖစ္ပါတယ္။ (၂၀၂၁) ရဲ့ ပထမဆုံး ေန႔ရက္ေလးမွာ ႏွစ္ေယာက္သားရဲ့ပုံရိပ္ေတြကို ” Happy New Year ပါ (၂၀၂၀) ရဲ့ စိတ္ညစ္စရာေတြၾကားမွာ Sein Phyo & Yi တို႔က စိတ္အပန္းေျပမႈ အနည္းငယ္ ျဖစ္ေစခဲ့မယ္ဆိုရင္ ေက်နပ္ပါၿပီ ” ဆိုၿပီး တင္ထားတာ ပဲျဖစ္ပါတယ္။ ခ်စ္စရာေကာင္းၿပီး လိုက္ဖက္လြန္းတဲ့ စုံတြဲေလး အတြက္ ပရိသတ္ႀကီးရဲ့ ႏွစ္သစ္ဆုေတာင္း စကားေလးေတြ ေရးေပးခဲ့ပါဦး။

Credit:Cele Zone

နှစ်သစ်မှာ အရမ်းချစ်စရာကောင်းပြီး လိုက်ဖက်တဲ့ စုံတွဲပုံတွေကို ပြသလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

တစ်ယောက်နဲ ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ ချည်နှောင်ခဲ့ကြတာ (၇) နှစ်ကျော်လာခဲ့ပြီ ဖြစ်တဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးဟာ မင်္ဂလာနှစ်သစ်မှာ နှစ်ယောက်တွဲ ပုံလေးတွေ ဝေမျှခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြောစရာမလိုအောင် နားလည်နေတဲ့ အချိန်အတိုင်းအတာ တစ်ခုထိ လက်တွဲလာခဲ့ကြသူတွေဆိုတော့ နှစ်ယောက်သားရဲ့ မေတ္တာအတိမ်အနက်ဟာ ပြောစရာကိုမလိုတော့ပါဘူး။

နှစ်ယောက်အတူ ကြည်နူးနေတဲ့အခိုက်အတန့်တွေ၊ ပျော်ရွှင်နေတဲ့ အခိုက်အတန့်တွေကိုလည်း ပရိသတ်တွေကို ဝေမျှပြီး အားလုံးနဲ့အတူတူ မျှဝေခံစားတတ်ကြပါတယ်။ အမြဲတမ်း အစားတလိုင်းလေးတွေ ဖြစ်နေကြသလို နှစ်ယောက်ဆုံပြီဆိုတာနဲ့ တစ်ခုခုစားဖို့ တိုင်ပင်တတ်ကြ သူလေးတွေပါ။

နှစ်တစ်နှစ်ရဲ့ပထမဆုံး နေ့တွေကို အတူတူဖြတ်သန်းခဲ့ တာလည်း (၇) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ (၂၀၂၁) ရဲ့ ပထမဆုံး နေ့ရက်လေးမှာ နှစ်ယောက်သားရဲ့ပုံရိပ်တွေကို ” Happy New Year ပါ (၂၀၂၀) ရဲ့ စိတ်ညစ်စရာတွေကြားမှာ Sein Phyo & Yi တို့က စိတ်အပန်းပြေမှု အနည်းငယ် ဖြစ်စေခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ ” ဆိုပြီး တင်ထားတာ ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲလေး အတွက် ပရိသတ်ကြီးရဲ့ နှစ်သစ်ဆုတောင်း စကားလေးတွေ ရေးပေးခဲ့ပါဦး။

Credit:Cele Zone

About the author

Ms Cele

Leave a Comment