Celebrity


Written by Ms Cele






နှစ်ဦးကုသိုလ် အဖြစ် မှော်ဘီမြို့က အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ အဓိဌာန်ပြု တရားစခန်းဝင် နေတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ ဖြူဖွေးဝင်းဥနေတဲ့ အသားအရေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာတော့ ကျရာဇာတ်ရုပ် ကာရိုက်တာ အတိုင်း စိတ်ရောလူပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုဆိုရင် အသက် သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး အလုပ်တွေကိုလည်း အချိန်ပေး လုပ်ကိုင်နေသလို ဘာသာရေးနဲ့ ကုသိုလ်ရေးမှာလည်း လစ်ဟင်းသွားမှု မရှိအောင် အမြဲတမ်း ကြိုးစားနေသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူလေးလှသလို စိတ်ထားလေးလည်း နူးညံ့သိမ်မွေ့တဲ့ ဝတ်မှုံရွှေရည်ကို ဆယ်စုနှစ်တစ်ခုကျော်တိုင် အချစ်မလျော့ပဲ အားပေးလာတာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

ထိပ်တန်း မင်းသမီးပီပီ အလုပ်တွေကို နေ့ညဆက်တိုက် လုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည်က ဘာသာရေးကိုလည်း လုပ်ကိုင်နိုင်ဖို့ မကြာခဏဆိုသလို တရားစခန်းဝင်ရောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဝတ်မှုံရွှေရည်က (၂၀၂၁) ခုနှစ်ရဲ့ နှစ်ဦးကုသိုလ်အဖြစ် မှော်ဘီမြို့က အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ အဓိဌာန်ပြု တရားစခန်းဝင်နေတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။

ဝတ်မှုံရွှေရည် ကတော့ မကြာခဏ ဆိုသလို တရားစခန်းဝင် ကုသိုလ်ယူတတ်သူ တစ်ယောက်ဖြစ်ပြီး ဒီတစ်ခါမှာလည်း သူမရဲ့ ရှိသမျှ အလုပ်တွေကို မေ့ထားပြီး ကုသိုလ်ရေးကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် တစ်ယောက် တရားစခန်းဝင်နေတဲ့အချိန်ခဏလေးမှာ မွန်မြတ်အေးချမ်းလှတဲ့ တရားထူး၊ တရားမြတ်တွေရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment