Celebrity

ႏွစ္ဦးအလွဴအျဖစ္ ဘဝတစ္ပါးသို့ကူးေျပာင္းသြားတဲ့ (၇) ရက္သားသမီးေတြကိုရည္စူးျပီး သံဃာ အပါး (၂၀၀)အားလွဴဖြယ္ပစၥည္းအစံုနဲ႕ ဆက္ကပ္လွဴဒါန္းခဲ့တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

ႏွစ္ဦးအလွဴအျဖစ္ ဘဝတစ္ပါးသို့ကူးေျပာင္းသြားတဲ့ (၇) ရက္သားသမီးေတြကိုရည္စူးျပီး သံဃာ အပါး (၂၀၀)အားလွဴဖြယ္ပစၥည္းအစံုနဲ႕ ဆက္ကပ္လွဴဒါန္းခဲ့တဲ့ ခိုင္ႏွင္းေ၀

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေ၀ဟာဆိုရင္ ယခုခ်ိန္အထိ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထား သူေလးျဖစ္ပါတယ္ေနာ္။ ခိုင္ႏွင္းေဝက ကိုယ္က်ိဳးကိုမၾကည့္ပဲ ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းေတြကို စြမ္းစြမ္းတမံ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက ပရဟိတ လုပ္ငန္းေတြနဲ႔ မိဘမဲ့ကေလးငယ္ေလးမ်ား အတြက္လည္း ေဂဟာေလး ဖြင့္လွစ္ထားျပီး တစ္ဖက္မွာလည္း မိသားစုအတြက္ ဦးေဆာင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ ခိုင္နွင္းေဝကေတာ့ သူမရဲ့ ဝန္ထမ္းေတြ အတြက္လည္း ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ျပီး ယံုၾကည္အားထားျခင္းခံရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

စိတ္ထားေလး ေကာင္းသလို အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတတ္တဲ့ ခိုင္နွင္းေဝက ဒီကေန့ မွာလည္း သူမရဲ့ ေဂဟာက သားသမီးေတြနဲ့ အတူတူ ေရစက္ခ်အလွဴေလး တစ္ခုျပဳလုပ္ခဲ့ေၾကာင္း ေျပာလာပါတယ္။ ခိုင္နွင္းေဝက “ဘဝတပါး ကူးေျပာင္းသြားေသာ ခုႏွစ္ရက္ သားသမီးအလႉရွင္ မ်ားအား ရည္စူး၍ သံဃာ အပါး (၂၀၀)အား ဆြမ္း၊ ခဲဘြယ္၊ အလႈေငြ မ်ား ကပ္လႈ ပူေဇာ္ျခင္း ကို က်မ တို႔ “ခိုင္” မိသားစု ႏွင့္ ခုႏွစ္ရက္ သားသမီး အလႉရွင္မ်ား မွ ႏွစ္ဦး အလႉ အျဖစ္ ေရစက္ခ် လႉဒါန္း ကုသိုလ္ယူ အမွ်ေဝ ခ့ဲပါတယ္ ရွင္.🙏🙏🙏….” ဆိုျပီး သူမတို့ မိသားစုရဲ့ ကုသိုလ္ေလးကို မွ်ေဝေပးလာပါတယ္။

ခိုင္နွင္းေဝ ကေတာ့ သူမရဲ့ ေဂဟာက ကေလးေတြနဲ့ အတူတူ အလွဴလုပ္ ေရစက္ခ်ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ ၾကီးလည္း ခိုင္နွင္းေဝတို့ မိသားစုရဲ့ နွစ္ဦးအလွဴေလးကို ထပ္တူသာဓုေခၚဆို ေပးၾကပါဦးေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Khine Hnin Wai’s fb
Credit:Cele Connections

နှစ်ဦးအလှူအဖြစ် ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ (၇) ရက်သားသမီးတွေကိုရည်စူးပြီး သံဃာ အပါး (၂၀၀)အားလှူဖွယ်ပစ္စည်းအစုံနဲ့ ဆက်ကပ်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် ယခုချိန်အထိ အနုပညာလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထား သူလေးဖြစ်ပါတယ်နော်။ ခိုင်နှင်းဝေက ကိုယ်ကျိုးကိုမကြည့်ပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတ လုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများ အတွက်လည်း ဂေဟာလေး ဖွင့်လှစ်ထားပြီး တစ်ဖက်မှာလည်း မိသားစုအတွက် ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်းတွေ အတွက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ယုံကြည်အားထားခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

စိတ်ထားလေး ကောင်းသလို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ခိုင်နှင်းဝေက ဒီကနေ့ မှာလည်း သူမရဲ့ ဂေဟာက သားသမီးတွေနဲ့ အတူတူ ရေစက်ချအလှူလေး တစ်ခုပြုလုပ်ခဲ့ကြောင်း ပြောလာပါတယ်။ ခိုင်နှင်းဝေက “ဘဝတပါး ကူးပြောင်းသွားသော ခုနှစ်ရက် သားသမီးအလှူရှင် များအား ရည်စူး၍ သံဃာ အပါး (၂၀၀)အား ဆွမ်း၊ ခဲဘွယ်၊ အလှုငွေ များ ကပ်လှု ပူဇော်ခြင်း ကို ကျမ တို့ “ခိုင်” မိသားစု နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များ မှ နှစ်ဦး အလှူ အဖြစ် ရေစက်ချ လှူဒါန်း ကုသိုလ်ယူ အမျှဝေ ခဲ့ပါတယ် ရှင်.🙏🙏🙏….” ဆိုပြီး သူမတို့ မိသားစုရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ခိုင်နှင်းဝေ ကတော့ သူမရဲ့ ဂေဟာက ကလေးတွေနဲ့ အတူတူ အလှူလုပ် ရေစက်ချခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ခိုင်နှင်းဝေတို့ မိသားစုရဲ့ နှစ်ဦးအလှူလေးကို ထပ်တူသာဓုခေါ်ဆို ပေးကြပါဦးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Khine Hnin Wai’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment