Celebrity

ႏွစ္ဦး အလႉေလး ျပဳလုပ္ၿပီး 2021 ကို စတင္ျဖတ္သန္း ခဲ့တဲ့ ေနတိုး

Written by Ms Cele

ႏွစ္ဦး အလႉေလး ျပဳလုပ္ၿပီး 2021 ကို စတင္ျဖတ္သန္း ခဲ့တဲ့ ေနတိုး

နိုင္ငံေက်ာ္ ထိပ္တန္းမင္းသား တစ္ေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈေၾကာင့္ ေအာင္ျမင္တဲ့ ေနရာကိုေရာက္ရွိလာသူပီပီ ပရိသတ္၊ မိဘျပည္သူေတြ အေပၚ အလြန္ေလးစားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ေနတိုးကေတာ့ သူရရွိတဲ့ အႏုပညာေၾကးေတြနဲ႔ အလႉအတန္းေတြ မ်ားစြာကို ျပဳလုပ္ခဲ့သလို ကိုဗစ္ကာလ အတြင္းမွာလည္း အလႉေငြ သိန္း (၂၀၀) နီးပါးကို လိုအပ္ေနတဲ့ ေနရာေတြနဲ႔ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ အႏုပညာညီအစ္ကိုေမာင္ႏွမေတြကို ခြဲေဝလႉဒါန္းခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ စိတ္ရင္းေကာင္းၿပီး ေစတနာေကာင္းတဲ့ ေနတိုးကို ပရိသတ္ေတြ ကလည္း တစ္ေန႔ထက္တစ္ေန႔ ပိုခ်စ္ၿပီး အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔ မွာေတာ့ ေနတိုးက သူ႔ရဲ့ ႏွစ္စကို မဂၤလာရွိတဲ့ အလႉေလး တစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေနတိုးက ရန္ကုန္ၿမိဳ႕ အလိုေတာ္ျပည့္ ေက်ာင္းတိုက္မွာ ရခိုင္ျပည္နယ္စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အသၽွင္ကုမာရထံ အလႉေငြက်ပ္ (၅) သိန္းတိတိကို လႉဒါန္းၿပီး ႏွစ္သစ္ဦးအလႉေလး တစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ေနတိုးကေတာ့ ႏွစ္တစ္ႏွစ္ရဲ့ အစကို မဂၤလာရွိတဲ့ အလႉေလးတစ္ခုကို ျပဳလုပ္ရင္း မဂၤလာရွိစြာ ျဖတ္သန္းခဲ့ၿပီ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ေနတိုးရဲ့ မဂၤလာဦးအလႉေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

ခရက္ဒစ္:ဆယ္လီကြန္နက္ရွင္.

နှစ်ဦး အလှူလေး ပြုလုပ်ပြီး 2021 ကို စတင်ဖြတ်သန်း ခဲ့တဲ့ နေတိုး

နိုင်ငံကျော် ထိပ်တန်းမင်းသား တစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်တဲ့ နေရာကိုရောက်ရှိလာသူပီပီ ပရိသတ်၊ မိဘပြည်သူတွေ အပေါ် အလွန်လေးစားသူ တစ်ယောက် ဖြစ်ပါတယ်။ နေတိုးကတော့ သူရရှိတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ များစွာကို ပြုလုပ်ခဲ့သလို ကိုဗစ်ကာလ အတွင်းမှာလည်း အလှူငွေ သိန်း (၂၀၀) နီးပါးကို လိုအပ်နေတဲ့ နေရာတွေနဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို ခွဲဝေလှူဒါန်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး စေတနာကောင်းတဲ့ နေတိုးကို ပရိသတ်တွေ ကလည်း တစ်နေ့ထက်တစ်နေ့ ပိုချစ်ပြီး အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှာတော့ နေတိုးက သူ့ရဲ့ နှစ်စကို မင်္ဂလာရှိတဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးက ရန်ကုန်မြို့ အလိုတော်ပြည့် ကျောင်းတိုက်မှာ ရခိုင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူများအတွက် အသျှင်ကုမာရထံ အလှူငွေကျပ် (၅) သိန်းတိတိကို လှူဒါန်းပြီး နှစ်သစ်ဦးအလှူလေး တစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ နှစ်တစ်နှစ်ရဲ့ အစကို မင်္ဂလာရှိတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ရင်း မင်္ဂလာရှိစွာ ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နေတိုးရဲ့ မင်္ဂလာဦးအလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

ခရက်ဒစ်:ဆယ်လီကွန်နက်ရှင်.

About the author

Ms Cele

Leave a Comment