Celebrity

ႏွစ္ေပါင္း(၅၀) တိုင္ေအာင္ နားလည္မႈ အျပည့္နဲ႔ ေရႊလက္တြဲနိုင္ ခဲ့ၾကတဲ့ အေဖ နဲ့ အေမကို အမွတ္တရ စကားေလးေတြ ေျပာလိုက္ တဲ့ စိုးျမတ္သူဇာ

Written by Ms Cele

ႏွစ္ေပါင္း(၅၀) တိုင္ေအာင္ နားလည္မႈ အျပည့္နဲ႔ ေရႊလက္တြဲနိုင္ ခဲ့ၾကတဲ့ အေဖ နဲ့ အေမကို အမွတ္တရ စကားေလးေတြ ေျပာလိုက္ တဲ့ စိုးျမတ္သူဇာ

ပရိသတ္ႀကီးေရ ဒီေန႔ ကေတာ့ ျမန္မာနိုင္ငံရဲ့ထိပ္တန္း မင္းသမီးေတြျဖစ္တဲ့ စိုးျမတ္သူဇာ၊ စိုးျမတ္နႏၵာတို႔ မိဘႏွစ္ပါးရဲ့ မဂၤလာသက္တမ္း ေရႊရတုျပည့္ႏွစ္ေလးပါ။ ပရိသတ္ရဲ့အခ်စ္ေတာ္စိုးျမတ္သူဇာ ကေတာ့ မိဘႏွစ္ပါးရဲ့ မဂၤလာသက္တမ္းႏွစ္(၅၀) ျပည့္ေလး မွာ ေမေမက ေရးခိုင္းလို႔ဆိုၿပီး အရႊန္းေဖာက္ ကာ မဂၤလာအမွတ္တရ စကားေလးကို မၽွေဝလာပါတယ္။

ကေန႔က အေဖ နဲ႔ အေမ ရဲ့ ေရႊရတု ႏွစ္ပတ္လည္ေန႔ပါ…. အေဖ့လို မိသားစု ကို တန္ဖိုးထားပီး ခ်စ္ျမတ္နိုး တတ္တဲ့ သူရဲ့ သားသမီး ေတြျဖစ္ခြင့္ရတာ က်မ တို႔ ေမာင္ႏွမ ေလးေယာက္ အတြက္ ဂုဏ္ယူစရာ ျဖစ္သလို အေမကလည္း ဒီေန႔ထိ အေဖ့ကို သူ႔အနားမွာ အတူတူ ရွိေနေအာင္ ဆြဲေဆာင္ထား နိုင္သည့္ အစြမ္းက လည္း က်မ တို႔ ညီအမေတြ အတြက္ ရင္သပ္႐ူေမာ ေလးစားအားက်ရတဲ့ သူပါ ( အဟြတ္ )… အေဖ နဲ႔ အေမ ႏွစ္ (၅၀) ခရီးမွာ ခုခ်ိန္ထိ က်န္းမာ စြာ သားသမီးေတြနဲ႔ အတူတူ ရွိေနတဲ့ အတြက္ က်မ တို႔ေမာင္ႏွမေတြ ဝမ္းသာ ေက်နပ္ရပါတယ္ ေက်းဇူးလည္း အထူးတင္ ပါတယ္…. ေနာက္ထပ္ ေနာက္ထပ္ ႏွစ္ေတြအမ်ားႀကီးထိ ဒီသားသမီးေျမးေတြနဲ႔ အတူတူ က်န္းမာေပ်ာ္ရႊင္စြာ ေနေပးပါဦးလို႔ သမီးႀကီး က ဆုေတာင္းေပး ပါတယ္ ဆိုၿပီး အမွတ္တရစကားေလး ကို မၽွေဝလာပါတယ္။

လူတစ္ဦးနဲ႔ တစ္ဦးႏွစ္ေပါင္း ၾကာရွည္စြာ တစ္ေယာက္ကို တစ္ေယာက္နားလည္မႈ အျပည့္နဲ႔ လက္တြဲသြားနိုင္ဖို႔ဆိုတာ တကယ္မလြယ္တဲ့ အရာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ၾကရင္ေတာင္ ေသကြဲ ရွင္ကြဲနဲ႔ အမ်ိဳးမ်ိဳးေကြကြင္း သြားနိုင္ၾကေပမယ့္ စိုးျမတ္သူဇာတို႔ရဲ့ မိဘႏွစ္ပါးကေတာ့ တကယ္ကို နတ္ဖက္တဲ့ ဖူးစာလိုမ်ိဳး ႏွစ္ေပါင္း(၅၀) တိုင္ေအာင္ နားလည္မႈ အျပည့္နဲ႔ လက္တြဲနိုင္ခဲ့တာကေတာ့ တကယ္ကိုအားက် စရာပါပဲ ပရိသတ္ႀကီးေရ… ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ခ်စ္ရတဲ့ သားသမီးေတြနဲ႔အတူ ေပ်ာ္ရႊင္ေအးခ်မ္းစြာ ေနထိုင္သြားနိုင္ၾက ပါေစလို႔ ဆယ္လီကမၻာမွ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit:Cele Gabar

နှစ်ပေါင်း(၅၀) တိုင်အောင် နားလည်မှု အပြည့်နဲ့ ရွှေလက်တွဲနိုင် ခဲ့ကြတဲ့ အဖေ နဲ့ အမေကို အမှတ်တရ စကားလေးတွေ ပြောလိုက် တဲ့ စိုးမြတ်သူဇာ

ပရိသတ်ကြီးရေ ဒီနေ့ ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်း ရွှေရတုပြည့်နှစ်လေးပါ။ ပရိသတ်ရဲ့အချစ်တော်စိုးမြတ်သူဇာ ကတော့ မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်းနှစ်(၅၀) ပြည့်လေး မှာ မေမေက ရေးခိုင်းလို့ဆိုပြီး အရွှန်းဖောက် ကာ မင်္ဂလာအမှတ်တရ စကားလေးကို မျှဝေလာပါတယ်။

ကနေ့က အဖေ နဲ့ အမေ ရဲ့ ရွှေရတု နှစ်ပတ်လည်နေ့ပါ…. အဖေ့လို မိသားစု ကို တန်ဖိုးထားပီး ချစ်မြတ်နိုး တတ်တဲ့ သူရဲ့ သားသမီး တွေဖြစ်ခွင့်ရတာ ကျမ တို့ မောင်နှမ လေးယောက် အတွက် ဂုဏ်ယူစရာ ဖြစ်သလို အမေကလည်း ဒီနေ့ထိ အဖေ့ကို သူ့အနားမှာ အတူတူ ရှိနေအောင် ဆွဲဆောင်ထား နိုင်သည့် အစွမ်းက လည်း ကျမ တို့ ညီအမတွေ အတွက် ရင်သပ်ရူမော လေးစားအားကျရတဲ့ သူပါ ( အဟွတ် )… အဖေ နဲ့ အမေ နှစ် (၅၀) ခရီးမှာ ခုချိန်ထိ ကျန်းမာ စွာ သားသမီးတွေနဲ့ အတူတူ ရှိနေတဲ့ အတွက် ကျမ တို့မောင်နှမတွေ ဝမ်းသာ ကျေနပ်ရပါတယ် ကျေးဇူးလည်း အထူးတင် ပါတယ်…. နောက်ထပ် နောက်ထပ် နှစ်တွေအများကြီးထိ ဒီသားသမီးမြေးတွေနဲ့ အတူတူ ကျန်းမာပျော်ရွှင်စွာ နေပေးပါဦးလို့ သမီးကြီး က ဆုတောင်းပေး ပါတယ် ဆိုပြီး အမှတ်တရစကားလေး ကို မျှဝေလာပါတယ်။

လူတစ်ဦးနဲ့ တစ်ဦးနှစ်ပေါင်း ကြာရှည်စွာ တစ်ယောက်ကို တစ်ယောက်နားလည်မှု အပြည့်နဲ့ လက်တွဲသွားနိုင်ဖို့ဆိုတာ တကယ်မလွယ်တဲ့ အရာပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြရင်တောင် သေကွဲ ရှင်ကွဲနဲ့ အမျိုးမျိုးကွေကွင်း သွားနိုင်ကြပေမယ့် စိုးမြတ်သူဇာတို့ရဲ့ မိဘနှစ်ပါးကတော့ တကယ်ကို နတ်ဖက်တဲ့ ဖူးစာလိုမျိုး နှစ်ပေါင်း(၅၀) တိုင်အောင် နားလည်မှု အပြည့်နဲ့ လက်တွဲနိုင်ခဲ့တာကတော့ တကယ်ကိုအားကျ စရာပါပဲ ပရိသတ်ကြီးရေ… နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ရတဲ့ သားသမီးတွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်သွားနိုင်ကြ ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment