Celebrity


Written by Ms Cele





Credit:Swelsone News

နှုတ်ခမ်းနီမလေးတို့ရဲ့ အသဲတွေ ဟက်တက် ကွဲသွားအောင် ချစ်သူလေးကို ချပြလိုက်တဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်း တစ်ခုလုံးကို ညှို့ယူဖမ်းစားထားသူ ကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ပြည်ပနိုင်ငံက မိန်းကလေးပရိသတ်များကပါ တစ်ခဲနက် အားပေးနေကြ တာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မော်ဒယ်လောကမှ တစ်ဆင့် အနုပညာဘက်ကို အခြေချခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိထားတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ အခြားနိုင်ငံတွေ အထိ ကြော်ငြာတွေ ရိုက်ကူးနေရသူ မင်းသား တစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲဝေမျှပေးနေ တာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက် ကလည်း ပိုင်တံခွန်ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သာယာလှပတဲ့ ညနေခင်းလေးမှာ အချစ်ရဆုံး ကောင်မလေးနဲ့ဒိတ်လုပ်ကာ ရိုမက်တစ်ဆန်တဲ့ အချိန်လေးတွေ ကုန်ဆုံးနေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တော်တော် များများကလည်း သူ့ရဲ့ကောင်မလေးကို အထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှု ခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေး လိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment