Celebrity
Written by Ms Cele
Source: Nay Sann’s fb
ရိုးသားစွာရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ ဘုန်းကြီးကျောင်းကို ကားတစ်စီးလှူဒါန်းမယ့် နေဆန်း
မွန်တိုင်းရင်းသားလေး နေဆန်း ကတော့ စကားပြောရင် မွန်သံဝဲဝဲလေးနဲ့ အရမ်းချစ်စရာ ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေး ပုံစံလုပ်တဲ့ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကြား ရေပန်းစား အောငြ်မင်ခဲ့တဲ့ နေဆန်းကတော့ တစ်နေ့တစ်ခြား သူ့ရဲ့ ဗီဒီယိုလေးတွေကြောင့် ပရိသတ်အားပေးမှုကို အကြီးအကျယ်ရရှိနေတာပဲ ဖြစ်ပါတယ်။ နေဆန်းကလည်း သာမာန်အချိန်တွေမှာ ယောကျာ်းလေးတစ်ယောက်လိုသာနေပြီး အနုပညာအလုပ်တွေ လုပ်ကိုင်ချိန်မှာတော့ မိန်းကလေး ပုံစံပြောင်းလဲကာ လူတစ်ကိုယ် နှစ်ဘဝအဖြစ်နဲ့ သူ့ရဲ့အလုပ်တွေကို ကျေကျေနပ်နပ်ကြီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
အောင်မြင်မှုတွေရရှိလာတာနဲ့ အမျှ အနုပညာကြေးတွေ ကိုလည်း ရရှိလာခဲ့ပြီဖြစ်တဲ့ နေဆန်းက သူ့ရဲ့မိဘနှစ်ပါး အတွက် တိုက်အိမ်သစ်ကြီးအပြင် အစစအရာရာပြီးပြည့်စုံအောင်ထားတဲ့ သားလိမ္မာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နေဆန်းက သမာအာဇီဝကျကျရှာဖွေထားတဲ့ ငွေကြေးလေးတွေနဲ့ ကားတစ်စီးဝယ်ပြီး ဘုန်းကြီးကျောင်းကို လှူဒါန်းသွားမယ့်အကြောင်းကို “ဘုန်းကြီးကျောင်းမှာ လှူဖို့အတွက် ကားလေးတစ်စီးဝယ်လိုက်ပါပြီ 🙏🏻🙏🏻🙏🏻” ဆိုပြီး ဝမ်းသာစွာ ပြောလာပါတယ်။
နေဆန်းကတော့ ဖြူဖြူစင်စင်ရှာဖွေ ထားတဲ့ ပိုက်ဆံလေးတွေနဲ့ ကားတစ်စီးဝယ်ပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စအလုပ်တွေ လုပ်ကိုင်နိုင်ဖို့ ကားလေးတစ်စီးဝယ်ပြီး လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Nay Sann’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment