Celebrity


Written by Ms Cele





Credit:CELELUCKY

ရုတ်တရက် နှလုံးရပ်ကာ နေအိမ်မှာတင်ကွယ်လွန်သွားပြီဖြစ်တဲ့ ညီထွဋ်ခေါင်ရဲ့ကောင်မလေး

ပရိသတ်ကြီးရေ ဒီကာလကြီးမှာ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးနေကြသူတွေရဲ့ သတင်းစုံကို နေ့စဉ်ကြားနေ ရပါတယ်နော်။ ဒီနေ့မှာလည်း သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ချစ်သူ နှလုံးရပ်ပြီး နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်နော်။ သူမကွယ်လွန်ချိန်မှာ ညီထွဋ်ခေါင်ဟာ ရှောင်တိမ်းနေရတဲ့အတွက် အနားမှာ မရှိပေးနိုင်ခဲ့ပါဘူးနော်။

ညီထွဋ်ခေါင်ရဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်တဲ့ ဆုမြတ်နိုးဦးနဲ့ ကျော်ကျော်တို ့ကလည်း ရုတ်တရတ် ကွယ်လွန်သွားတဲ့ မမေအတွက် ဝမ်းနည်းနေကြောင်း စာရေးသားပြီး အသီးသီး တင်ထားကြပါတယ်နော်။ သရုပ်ဆောင်ကျော်ကျော်က ” မောင်လေး ချစ်ရတဲ့မမေ…ဒီပုံလေးဟာ နောက်ဆုံးရိုက်ယူခဲ့မိတဲ့ ပုံလေးဖြစ်လိမ့်မယ်လို့မထင်ခဲ့မိဘူးဗျာ…အပူတေများတဲ့ လောကကြီးကနေ ငြိမ်းချမ်းစွာ အိပ်စက်အနားယူ ပါတော့နော်R. I. P”လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်းရေးသားထားပါတယ်နော်။

ဆုမြတ်နိုးဦး ကလည်း ” မမေရယ် မယုံနိုင်သေးဘူး..နောက်နေတာပဲဖြစ်ပါစေလို့ ဆုတောင်းမိတယ် ..မီးရေ လို့ခေါ်ပီးပြန်ထလာ မလားလို့မျှော်လင့်မိတယ် ..သိပ်ချစ်တတ်တဲ့မမေ .. သိပ်စိတ်ပူတတ်တဲ့မမေ.. ခုတော့အားလုံးကိုစိတ်ချပီး ထွက်သွားသလား 😭မမေချစ်တဲ့ ဘုရားသခင်ရဲ့ရင်ခွင်မှာ ငြိမ်းချမ်းစွာအနားယူနှင့်ပါတော့မမေရေ 💔💔💔” လို့ ရေးသားထား ပါတယ်နော်။သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ချစ်သူ မမေလည်း ငြိမ်းချမ်းတဲ့နေရာမှာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment