Celebrity


Written by Ms Cele





Credit:Cele Zone

ရုပ်ချင်းဆင်လွန်းတဲ့ မောင်လေးနဲ့အတူ အမှတ်တရပုံလေးတွေကို ပြသလာတဲ့ မေမြင့်မိုရ်

ကိုယ်တိုင်လည်း အနုပညာလောကထဲကို ရောက်ဖို့ အများကြီးကြိုးစားခဲ့ရသလို ကိုယ့်မောင်လေး ကိုလည်း ကြိုးစားဖို့တွန်းအားပေး ခဲ့သလို အတတ်နိုင်ဆုံးလည်း လက်တွဲခေါ်ခဲ့တဲ့ အမကြီးအမိရာ ပီသသူမေမြင့်မိုရ်တစ်ယောက် ချစ်ရတဲ့မောင်လေးနဲ့အတူ အပြင်သွားခဲ့တဲ့ ပုံလေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

မောင်နှမနှစ်ယောက်ဟာ ရုပ်ချင်းအတော်လေး ဆင်တူတာကြောင့် ပရိသတ်တွေက သျှင်းမြတ်ကို ပိုပြီး သတိထားမိခဲ့ကြပါတယ်။ အမကြီး အမိရာပီသတဲ့ မေမြင့်မိုရ်ဟာ ကိုယ်ပိုင်ဝင်ငွေတွေ အားလုံးကို မိဘတွေကိုပဲ အကုန်ပေးပြီး စီမံခိုင်းတဲ့ သမီးလိမ္မာလေး တစ်ယောက်ဖြစ်သလို မောင်ဖြစ်သူသျှင်းမြတ် ဟာလည်း မိဘစကားနားထောင်တဲ့ သားလိမ္မာ တစ်ယောက်ပါပဲ။

မိသားစုတွေ မကြာခဏဆိုသလို ဥရောပခရီးစဉ်တွေ သွားတတ်ကြပြီး ပျော်စရာအချိန်တွေကို အတူတူကုန်ဆုံး တတ်ကြပါတယ်။ ကိုယ်တိုင်လည်း အနုပညာဝမ်းစာဖြည့်နေသူဖြစ်သလို မောင်လေးကိုလည်း သင်ပြလမ်းညွှန်ပေးတတ်တဲ့မေ တစ်ယောက် သိပ်ချစ်ရတဲ့ မောင်လေးနဲ့အတူ Day Out ခဲ့တဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment