Celebrity

႐ုပ္ရွင္ဇာတ္လမ္းဆန္တဲ့ သူ႔ရဲ့ဘဝဇာတ္ေၾကာင္းကို ပရိသတ္ေတြအား ေျပာျပလာတဲ့ စည္သူေမာင္

Written by Ms Cele

႐ုပ္ရွင္ဇာတ္လမ္းဆန္တဲ့ သူ႔ရဲ့ဘဝဇာတ္ေၾကာင္းကို ပရိသတ္ေတြအား ေျပာျပလာတဲ့ စည္သူေမာင္

ပရိတ္သတ္ႀကီးေရ…ဆယ္စုႏွစ္တိုင္ေအာင္ အႏုပညာေလာကမွာ ပရိသတ္ ေတြရဲ့ အားေပးမႈေတြကို သိမ္းပိုက္ ရရွိထားတဲ့ သူကေတာ့ သ႐ုပ္ေဆာင္ စည္သူေမာင္ပဲ ျဖစ္ပါတယ္။ သူကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားမ်ားတြင္ က်ရာေနရာကေန ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ ပါတယ္။ ရရွိတဲ့ ေခၽြး နည္းစာမ်ားျဖင့္လည္း မိဘႏွစ္ပါးလုံး ကို လုပ္ေကၽြးျပဳစုေနတဲ့ သားလိမၼာေလးျဖစ္ တာေၾကာင့္ ပရိသတ္ေတြက ခ်စ္ခင္အားေပးေနၾကတာ ျဖစ္ပါတယ္။

စည္သူေမာင္ဟာ အႏုပညာ လႈပ္ရွားမႈေတြအျပင္ အျခားစီးပြားေရး လုပ္ငန္းကိုလည္း ဦးစီးလုပ္ကိုင္ ေနတာ ျဖစ္ပါ တယ္။ ဒါ့အျပင္ အေရး ၾကဳံ တဲ့အခါတိုင္း ျပည္သူေတြ ဘက္ကေန အခိုင္အမာရပ္တည္ ေပးေနတဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ လႈပ္ရွားမႈေတြ ကို လည္း အျမဲေဝမၽွေပးေနၿပီး မၾကာေသးခင္ နာရီပိုင္းေလာက္က စည္သူေမာင္ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ႐ုပ္ရွင္ဇာတ္လမ္းဆန္တဲ့ သူ႔ ရဲ့ဘဝဇာတ္ေၾကာင္းကို ပရိသတ္ေတြအား ေရးသားေျပာျပလာတာ ျဖစ္ပါတယ္။

သူကလည္း ” ကၽြန္ေတာ္ဘဝက ႐ုပ္ရွင္ဇာတ္လမ္း သိပ္ဆန္တယ္.. အရာရာ အခ်ိဳးအေကြ႕ အနိမ့္အျမင့္ အတက္အက်ေပါင္း မ်ားစြာနဲ႔ မထင္ မွတ္ထားတဲ့ အလွည့္အေျပာင္းေတြနဲ႔ပါ.. ခ်စ္ျခင္း မုန္းျခင္းေတြ ေပ်ာ္ရႊင္ျခင္း နာက်င္ျခင္းမ်ားစြာနဲ႔.. အေကာင္းဆုံး အဆိုးဆုံးေတြ.. ၾကဳံေတြ႕ လာသမၽွ အေကာင္းဆုံး ရင္ဆိုင္ၿပီးဘဝဇာတ္ဆရာ အလိုက်ဆိုေပမယ့္.. ကိုယ္က်ရာ ဇာတ္႐ုပ္ကို အေကာင္းဆုံး သ႐ုပ္ေဆာင္ ရမွာ ကၽြန္ေတာ္တာဝန္ ပဲေလ.. ကၽြန္ေတာ္လည္း ေကာင္းမြန္တဲ့ဇာတ္သိမ္းေလးနဲ႔ အဆုံးသတ္မွာ အမ်ားနည္းတူေပ်ာ္ရႊင္ခ်င္တာေပါ့.. အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ အေကာင္းဆုံး ႀကိဳးစားေနထိုင္သြားပါ့မယ္..

ခပ္ညံ့ညံ့ သ႐ုပ္ေဆာင္ တစ္ေယာက္မျဖစ္ခ်င္ဖူး.. ကၽြန္ေတာ္ ဘဝဇာတ္လမ္းမွာ ေတာ့ .. ကၽြန္ေတာ္ က “မင္းသား ” ပဲေလ 😊👍 ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္ေနာ္။ ပရိသတ္မ်ား ကလည္း စိတ္ဓာတ္ မက်ေစဖို႔ အားေပးစ ကားေတြ မွတ္ခ် က္ေပးေရးသား ထားၾကတာ ျဖစ္ပါတယ္။ မိဘအေပၚသိတတ္လိမၼာတဲ့ စည္သူေမာင္ တစ္ေယာက္ ကံေကာင္းျခင္းေတြ ရရွိပိုင္ဆိုင္ နိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ ရပါတယ္။

Source -Sithu Maung’s Facebook Account
Credit

ရုပ်ရှင်ဇာတ်လမ်းဆန်တဲ့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပရိသတ်တွေအား ပြောပြလာတဲ့ စည်သူမောင်

ပရိတ်သတ်ကြီးရေ…ဆယ်စုနှစ်တိုင်အောင် အနုပညာလောကမှာ ပရိသတ် တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက် ရရှိထားတဲ့ သူကတော့ သရုပ်ဆောင် စည်သူမောင်ပဲ ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများတွင် ကျရာနေရာကနေ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ် ပါတယ်။ ရရှိတဲ့ ချွေး နည်းစာများဖြင့်လည်း မိဘနှစ်ပါးလုံး ကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးဖြစ် တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

စည်သူမောင်ဟာ အနုပညာ လှုပ်ရှားမှုတွေအပြင် အခြားစီးပွားရေး လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင် နေတာ ဖြစ်ပါ တယ်။ ဒါ့အပြင် အရေး ကြုံ တဲ့အခါတိုင်း ပြည်သူတွေ ဘက်ကနေ အခိုင်အမာရပ်တည် ပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေ ကို လည်း အမြဲဝေမျှပေးနေပြီး မကြာသေးခင် နာရီပိုင်းလောက်က စည်သူမောင်ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ရုပ်ရှင်ဇာတ်လမ်းဆန်တဲ့ သူ့ ရဲ့ဘဝဇာတ်ကြောင်းကို ပရိသတ်တွေအား ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

သူကလည်း ” ကျွန်တော်ဘဝက ရုပ်ရှင်ဇာတ်လမ်း သိပ်ဆန်တယ်.. အရာရာ အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျပေါင်း များစွာနဲ့ မထင် မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ပါ.. ချစ်ခြင်း မုန်းခြင်းတွေ ပျော်ရွှင်ခြင်း နာကျင်ခြင်းများစွာနဲ့.. အကောင်းဆုံး အဆိုးဆုံးတွေ.. ကြုံတွေ့ လာသမျှ အကောင်းဆုံး ရင်ဆိုင်ပြီးဘဝဇာတ်ဆရာ အလိုကျဆိုပေမယ့်.. ကိုယ်ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင် ရမှာ ကျွန်တော်တာဝန် ပဲလေ.. ကျွန်တော်လည်း ကောင်းမွန်တဲ့ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်မှာ အများနည်းတူပျော်ရွှင်ချင်တာပေါ့.. အဲ့ဒါကြောင့် ကျွန်တော် အကောင်းဆုံး ကြိုးစားနေထိုင်သွားပါ့မယ်..

ခပ်ညံ့ညံ့ သရုပ်ဆောင် တစ်ယောက်မဖြစ်ချင်ဖူး.. ကျွန်တော် ဘဝဇာတ်လမ်းမှာ တော့ .. ကျွန်တော် က “မင်းသား ” ပဲလေ 😊👍 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်များ ကလည်း စိတ်ဓာတ် မကျစေဖို့ အားပေးစ ကားတွေ မှတ်ချ က်ပေးရေးသား ထားကြတာ ဖြစ်ပါတယ်။ မိဘအပေါ်သိတတ်လိမ္မာတဲ့ စည်သူမောင် တစ်ယောက် ကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေး လိုက် ရပါတယ်။

Source -Sithu Maung’s Facebook Account
Credit

About the author

Ms Cele

Leave a Comment