Celebrity

႐ုပ္ရွင္မင္းသမီးႀကီး ေဒၚသင္းသင္းလဲ့အား အလွဴေငြနဲ႕စားေသာက္ကုန္မ်ား သြားေရာက္လွဴဒါန္းခဲ့တဲ့ ခန္႕စည္သူ

Written by Ms Cele

႐ုပ္ရွင္မင္းသမီးႀကီး ေဒၚသင္းသင္းလဲ့အား အလွဴေငြနဲ႕စားေသာက္ကုန္မ်ား သြားေရာက္လွဴဒါန္းခဲ့တဲ့ ခန္႕စည္သူ

အႏုပညာ ‌ေလာကမွာ ႏွစ္ေပါင္း အေတာ္ၾကာ ရပ္တည္ေအာင္ျမင္ေနၿပီး ယေန႔ထိတိုင္ ပရိတ္သတ္အားေပးမႈ ရရွိေနတဲ့ အကယ္ဒမီ မင္းသားေခ်ာႀကီး ခန႔္စည္သူကိုသိၾကမယ္ ထင္ပါတယ္ေနာ္။ သူဟာ ေပ်ာ္ေပ်ာ္ေနတတ္သူ တစ္ေယာက္ျဖစ္ၿပီး ဟာသဇာတ္႐ုပ္ကိုလည္းကၽြမ္းက်င္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္သူ တစ္ေယာက္လည္းျဖစ္ပါတယ္။ အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း ရက္ေရာသူမို႔ ပရိသတ္ေတြ ေလးစားေနရတာပါ ။

ဒီလိုကာလေတြ မွာလည္း ေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းေဆာင္တာေတြကို ရပ္ထားရ တာေၾကာင့္ စားဝတ္ေနေရး အဆင္မေျပမႈေတြနဲ႔ၾကဳံေတြ႕ေနရတာပါ ။ ဒါေၾကာင့္လည္း ခန႔္စည္သူက တတ္နိုင္သေလာက္ မၾကာခဏဆိုသလို လိုအပ္တာေတြကို လႉဒါန္းမႈေတြ ျပဳလုပ္ေပးလ်က္ရွိပါတယ္ ။ ဒါ့အျပင္ အႏုပညာေလာကသားထဲက သက္ႀကီးရြယ္အိုမ်ားကိုလည္း က်န္းမာေရး အတြက္ အလႉေငြနဲ႔ စားေသာက္ကုန္မ်ားလည္း လႉဒါန္းေလ့ရွိပါတယ္။

အခုလည္း အသက္ (၈၄) ႏွစ္ရွိေနၿပီျဖစ္ၿပီး ေသြးတိုး၊ဆီးခ်ိဳနဲ႔ လက္တုန္ ေျခတုန္ျဖစ္၊ခဏခဏ ေမာပမ္းေနလို႔ ေလွကားအတက္အဆင္းေတာင္ မလုပ္နိုင္ေတာ့တဲ့ ႐ုပ္ရွင္မင္းသမီးႀကီး အေမေဒၚသင္းသင္းလဲ့အား က်န္းမာေရး အလႉေငြမ်ား နဲ႔ အေျခခံစားေသာက္ကုန္မ်ား ကိုယ္တိုင္သြားေရာက္ လႉဒါန္းေပးခဲ့ျပန္ပါတယ္။ပရိသတ္ႀကီးအတြက္ ခန႔္စည္ရဲ့ အလႉပုံရိပ္ေတြကို ေဝမၽွေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Khant Si Thu

ရုပ်ရှင်မင်းသမီးကြီး ဒေါ်သင်းသင်းလဲ့အား အလှူငွေနဲ့စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

အနုပညာ ‌လောကမှာ နှစ်ပေါင်း အတော်ကြာ ရပ်တည်အောင်မြင်နေပြီး ယနေ့ထိတိုင် ပရိတ်သတ်အားပေးမှု ရရှိနေတဲ့ အကယ်ဒမီ မင်းသားချောကြီး ခန့်စည်သူကိုသိကြမယ် ထင်ပါတယ်နော်။ သူဟာ ပျော်ပျော်နေတတ်သူ တစ်ယောက်ဖြစ်ပြီး ဟာသဇာတ်ရုပ်ကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရက်ရောသူမို့ ပရိသတ်တွေ လေးစားနေရတာပါ ။

ဒီလိုကာလတွေ မှာလည်း တော်တော်များများက လုပ်ငန်းဆောင်တာတွေကို ရပ်ထားရ တာကြောင့် စားဝတ်နေရေး အဆင်မပြေမှုတွေနဲ့ကြုံတွေ့နေရတာပါ ။ ဒါကြောင့်လည်း ခန့်စည်သူက တတ်နိုင်သလောက် မကြာခဏဆိုသလို လိုအပ်တာတွေကို လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ ဒါ့အပြင် အနုပညာလောကသားထဲက သက်ကြီးရွယ်အိုများကိုလည်း ကျန်းမာရေး အတွက် အလှူငွေနဲ့ စားသောက်ကုန်များလည်း လှူဒါန်းလေ့ရှိပါတယ်။

အခုလည်း အသက် (၈၄) နှစ်ရှိနေပြီဖြစ်ပြီး သွေးတိုး၊ဆီးချိုနဲ့ လက်တုန် ခြေတုန်ဖြစ်၊ခဏခဏ မောပမ်းနေလို့ လှေကားအတက်အဆင်းတောင် မလုပ်နိုင်တော့တဲ့ ရုပ်ရှင်မင်းသမီးကြီး အမေဒေါ်သင်းသင်းလဲ့အား ကျန်းမာရေး အလှူငွေများ နဲ့ အခြေခံစားသောက်ကုန်များ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ပြန်ပါတယ်။ပရိသတ်ကြီးအတွက် ခန့်စည်ရဲ့ အလှူပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Khant Si Thu

About the author

Ms Cele

Leave a Comment