Celebrity


Written by Ms Cele





Credit:Cele Gabar

ရုပ်ရှင်အစည်းအရုံးက ဂုဏ်ပြုဆုချီးမြင့်ပွဲမှာ စိတ်မကောင်းစွာနဲ့ ချန်လှပ်ထားခြင်း ခံခဲ့ရတဲ့ အကြောင်းကို ပြောပြလာတဲ့ ၀ိုင်းချစ်

လွန်ခဲ့တဲ့ လပိုင်းက ထွက်ရှိခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ မှာဇာတ်ပို့ ဇာတ်ရံ ဟာသလူရွှင်တော် ဝိုင်းချစ်ရဲ့သားဖြစ်သူ မောင်လင်းဖြိုး တစ်ယောက် ဇီဝဗေဒဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာ ကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ ဝိုင်းချစ်တို့မိသားစု အတွက် ပျော်စရာကောင်းတဲ့ နေ့လေးတစ်ရက်ဖြစ်ခဲ့သလို သားဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဖြတ်သန်းခဲ့ရတဲ့ နေ့လေးတစ်နေ့လို့ ဆိုရမှာပါ။

ဒီနေ့မှာတော့ ဝိုင်းချစ်တစ်ယောက် အနုပညာရှင် တစ်ယောက်အနေနဲ့ အရမ်းကို ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတဲ့အကြောင်းကို မျှဝေလာပါတယ်။ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ကြတဲ့ အနုပညာရှင်တွေရဲ့သားသမီးတွေ အတွက် ရုပ်ရှင်အစည်းအရုံးက ဂုဏ်ပြုဆုချီးမြင့် ပွဲလုပ်ပေးလေ့ ရှိတာကြောင့် ဝိုင်းချစ် ကိုယ်တိုင် လည်း သားဖြစ်သူ အတွက် ဂုဏ်ယူရမယ့် နေ့လေး လို့ သတ်မှတ်ထား ပေမယ့် စိတ်မကောင်းစွာပဲ ချန်လှပ်ထားခြင်း ခံခဲ့ရတဲ့အကြောင်း ကို စိတ်မကောင်းဖြစ်လို့ တင်ပါရစေ…. ဒီနေ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင် သားသမီးများ ထဲမှ တက္ကသိုလ်ဝင်တန်း အောင်ပြီး ဂုဏ်ထူးထွက်သူများကို ဆုချီးမြှင့်ပွဲပြုလုပ်တဲ့ အထဲမှာ ကျွန်တော် ဝိုင်းချစ်(ဇာတ်ပို့ဇာတ်ရံ)ရဲ့ သား မောင်လင်းပြည့်ဖြိုး ဟာ ဇီဝဗေဒ ဘာသာရပ် နဲ့ ဂုဏ်ထူးထွက်ခဲ့ပေမယ့် ရုပ်ရှင် အစည်းအရုံးမှ ဂုဏ်ပြုခြင်းကိုမခံခဲ့ရပါဘူး…

ကျွန်တော်သိရတဲ့ အချိန်မှာ ဂုဏ်ပြုပွဲ ပြီးလို့ ညနေ (၅) နာရီမှသိ ရပါတယ်…အဲဒါဘယ်လိုဖြစ်ရတာလဲဗျာ အရမ်းကို ရင်ထဲမှာ စိတ်မကောင်းဖြစ် ရပါတယ် ရုပ်ရှင် အစည်းအရုံး ကြီးရယ် ဆိုပြီး စိတ်မကောင်းစွာ ရေးသားမျှဝေလာပါတယ်။ ဇာတ်ပို့ဇာတ်ရံ ဟာသလူရွှင်တော် တစ်ယောက် အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဝိုင်းချစ်ကတော့ ကိုယ့်လောကသားတွေကြားမှာ သားဖြစ်သူ အတွက် ဂုဏ်ယူရမယ့် နေ့လေးမပိုင်ဆိုင်ခဲ့ရတာတော့ သူ့အတွက်တကယ်ကို စိတ်မကောင်း ဖြစ်စေခဲ့မှာ အမှန်ပါပဲ ပရိသတ်ကြီးရေ..

Credit:Cele Gabar

About the author

Ms Cele

Leave a Comment