Celebrity

႐ုရွားနိုင္ငံမွာ က်င္းပတဲ့ နိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္တြင္ ဆုရရွိ ခဲ့ျပန္တဲ့ နို႔ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီး

Written by Ms Cele

႐ုရွားနိုင္ငံမွာ က်င္းပတဲ့ နိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္တြင္ ဆုရရွိ ခဲ့ျပန္တဲ့ နို႔ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီး

ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ခဲ့တဲ့နို႔ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီး ကေတာ့ နိုင္ငံတကာ ႐ုပ္ရွင္ပြဲေတြေတြမွာ ဆုေတြ တစ္ဆုၿပီးတစ္ဆု ရရွိေနတာပါ။ ဒီဇာတ္ကားႀကီးကိုေတာ့ (၂၀၁၉)ခုႏွစ္မတ္လမွာ ႐ုံတင္ခဲ့တာျဖစ္ၿပီး လူမင္းကိုယ္တိုင္ဒါရိုက္တာအျဖစ္ရိုက္ကူးခဲ့သလို ကိုယ္တိုင္ပါဝင္ သ႐ုပ္ေဆာင္ခဲ့တဲ့ဇာတ္ကားေကာင္းလည္း ျဖစ္ပါတယ္။

ဒီဇာတ္ကားႀကီးကေတာ့ နိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ေတြမွာဆုေတြရရွိခဲ့ၿပီး အခုလည္း ဒါရိုက္တာဆုကို ထပ္မံဆြတ္ခူးနိုင္ခဲ့ ျပန္ပါတယ္။ ေအာင္သီရိ ႐ုပ္ရွင္ ထုတ္လုပ္ေရးမွ ထုတ္လုပ္တဲ့ နို႔ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ႐ုရွားနိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္တြင္ က်င္းပေသာ နိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ျဖစ္တဲ့ 6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တြင္ Best Director Winner အေကာင္းဆုံး ဒါရိုက္တာဆုရွင္ အျဖစ္ လူမင္း အား ေရြးခ်ယ္ခ်ီးျမႇင့္ခံရပါတယ္။ 2021 တြင္ ေမာ္စကို၌ ထပ္မံက်င္းပမယ့္ Eurasia Festival live screening event ႐ုပ္ရွင္ ထူးခၽြန္ဆုခ်ီးျမႇင့္ပြဲအတြက္လည္း ဆန္ကာတင္ Nominee အျဖစ္ ဆက္လက္ေရြးခ်ယ္ခံထားရပါတယ္။

ယခု ႐ုရွားနိုင္ငံတြင္ ရရွိခဲ့ေသာ ဆုမွာ နိုင္ငံတကာမွ႐ုပ္ရွင္ကားမ်ားစြာႏွင့္ ယွဥ္ၿပိဳင္ၿပီး ဂုဏ္ယူစြာျဖင့္ ရရွိခဲ့ေသာ နို႔ဘီလူး႐ုပ္ရွင္ အတြက္ တတိယ အႀကိမ္ေျမာက္ ဆုျဖစ္ပါသည္။ ဒီဇာတ္ကားဟာ ဘူတန္နိုင္ငံတြင္ ထူးခၽြန္ဆု ေလးဆု ရရွိခဲ့သည့္အျပင္ အိႏၵိယနိုင္ငံတြင္လည္း ထူးခၽြန္ဆု ငါးဆု ရရွိခဲ့ၿပီး ျဖစ္ပါတယ္။ တကယ့္ကို ဂုဏ္ယူစရာပါပဲေနာ္…

Credit:Cele Gabar

ရုရှားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိ ခဲ့ပြန်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီး ကတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတွေတွေမှာ ဆုတွေ တစ်ဆုပြီးတစ်ဆု ရရှိနေတာပါ။ ဒီဇာတ်ကားကြီးကိုတော့ (၂၀၁၉)ခုနှစ်မတ်လမှာ ရုံတင်ခဲ့တာဖြစ်ပြီး လူမင်းကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သလို ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဆုတွေရရှိခဲ့ပြီး အခုလည်း ဒါရိုက်တာဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ ပြန်ပါတယ်။ အောင်သီရိ ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ကျင်းပသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ 6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တွင် Best Director Winner အကောင်းဆုံး ဒါရိုက်တာဆုရှင် အဖြစ် လူမင်း အား ရွေးချယ်ချီးမြှင့်ခံရပါတယ်။ 2021 တွင် မော်စကို၌ ထပ်မံကျင်းပမယ့် Eurasia Festival live screening event ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအတွက်လည်း ဆန်ကာတင် Nominee အဖြစ် ဆက်လက်ရွေးချယ်ခံထားရပါတယ်။

ယခု ရုရှားနိုင်ငံတွင် ရရှိခဲ့သော ဆုမှာ နိုင်ငံတကာမှရုပ်ရှင်ကားများစွာနှင့် ယှဉ်ပြိုင်ပြီး ဂုဏ်ယူစွာဖြင့် ရရှိခဲ့သော နို့ဘီလူးရုပ်ရှင် အတွက် တတိယ အကြိမ်မြောက် ဆုဖြစ်ပါသည်။ ဒီဇာတ်ကားဟာ ဘူတန်နိုင်ငံတွင် ထူးချွန်ဆု လေးဆု ရရှိခဲ့သည့်အပြင် အိန္ဒိယနိုင်ငံတွင်လည်း ထူးချွန်ဆု ငါးဆု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ တကယ့်ကို ဂုဏ်ယူစရာပါပဲနော်…

Credit:Cele Gabar

About the author

Ms Cele

Leave a Comment