Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Swe Swe

့ပရိသတ်တွေ ပို့သပေးတဲ့ ဆုတောင်းမေတ္တာတွေကြောင့် သမီးဖြစ်သူ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ အေသင်ချိုဆွေ

ပရိသတ်တွေရဲ့ အချစ်တော်လေး အေသင်ချိုဆွေ ကတော့ အောင်မြင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို ယနေအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အဆွေးသီချင်းလေးတွေ အမိုက်စားသီချင်းလေးတွေဟာလည်း ပရိသတ်တွေကြား အတော်လေးကိုရေပန်းစားခဲ့ပါတယ်။

အေသင်က မြန်မာနိုင်ငံမှာ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း သူမကို ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာပါ ။မေလ (၂၃)ရက်နေ့ မှာတော့ သူမကို လာရောက်ဖမ်းဆီး သွားကြတယ်ဆိုတဲ့ သတင်းတွေပြန့်နှံ့ခဲ့ပြီး အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ ။

ယနေ့ ဇွန်လ (၁၁) ရက်နေ့မှာတော့ အေသင် ပြန်လည် လွတ်မြောက် လာပြီ ဖြစ်တာကြောင့် မိသားစုတွေ အားလုံးက ဝမ်းသာနေကြ တာပါ ။ အေသင် အိမ်ပြန်ရောက်ပြီဖြစ်တဲ့ သတင်းလေး ကိုလည်း မိခင်ဖြစ်သူက ” ချစ်တဲ့ပရိတ်သတ်အပေါင်းတို့ရဲ့ ဆုတောင်းမေတ္တာ ပြည့်ဝခဲ့ပါပြီ … သမီး အေသင်ချိုဆွေ အိမ်ပြန်ရောက်ပြီး Ivy လေးနဲ့အမေ့အိမ်မှာ အတူရှိနေပါပြီ… ဆုတောင်းပေးကြသော တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါရစေရှင့်.. စာကြွင်း – ငွေကြေးကိစ္စလုံးဝ မကုန် မပေးရပါကြောင်း… ပေးစရာလဲမရှိပါကြောင်း.. မေမေဆွေ ” ရေးသားဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သတင်းကောင်းလေးကို သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Swe Swe

About the author

Ms Cele

Leave a Comment