Celebrity

‌ေမာင္ခ်ိဳေလးရဲ႕ အကူအညီေၾကာင့္ အလုပ္ကေလး တစ္ခု အဆင္ေျပ သြားေၾကာင္းကို ေျပာျပလာတဲ့ ပိုင္ၿဖိဳးသု

Written by Ms Cele

‌ေမာင္ခ်ိဳေလးရဲ႕ အကူအညီေၾကာင့္ အလုပ္ကေလး တစ္ခု အဆင္ေျပ သြားေၾကာင္းကို ေျပာျပလာတဲ့ ပိုင္ၿဖိဳးသု

သရုပ္ေဆာင္ ပိုင္ျဖိဳးသု ကေတာ့ ကေလးအရြယ္ ကတည္းက ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကား ေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဆရာဝန္ တစ္ေယာက္ ျဖစ္တဲ့ ပိုင္ျဖိဳးသုကေတာ့ သူမျမတ္နိုးတဲ့ အနုပညာ လမ္းေၾကာင္းေပၚမွာပဲ ေလွ်ာက္လွမ္းရင္း ပရိသတ္အားေပးရ က်ိဳးနပ္ေစဖို့ မကုန္ဆံုးနိုင္တဲ့ ပညာေတြ ကို သင္ယူေနတာပဲ ျဖစ္ပါတယ္။ ဒီကေနမွာ လည္း ပိုင္ျဖိဳးသုက မကြ်မ္းက်င္တဲ့ အလုပ္တစ္ခုမွာ တိုင္ပတ္ေနတုန္း ခ်မ္းေျမ့ေမာင္ခ်ိဳရဲ့ အကူအညီ တစ္ခုေၾကာင့္ အဆင္ေျပ ေခ်ာေမြ့သြားရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ေဒၚသုေလးခမ်ာမွာေလ Oppo နဲ႔ေတြ႕ရင္အထူးတဆန္း‌ေတြခ်ည္းပဲ 😬😬😬 Productအသစ္အတြက္ဘာခိုင္းတယ္မွတ္တုံး? သီခ်င္းဆိုခိုင္းတယ္ဗ်ာ…. 😅 သီခ်င္းဆိုတာမွ studioမွာအက်အနႀကီးကိုအဆို‌ေတာ္ေတြလိုအသံသြင္းရတာ 😏 ဆိုရတာ‌ေတာ့ႏွစ္ပိုဒ္ထဲပါ။ လူကေၾကာက္မေၾကာက္ ဆိုတာေတာ့ လက္ဖ်ားေျခဖ်ားေတြကိုေအးေနတာပဲ 🥶 ဆိုေနတာေၾကာက္သံႀကီးပါေနလို႔ ခ်မ္းေျမ့ေမာင္ခ်ိဳေလးက မၾကည့္ရက္လို႔ ဝင္ကူညီအားေပး သင္ျပေပးရတယ္ 😁 သူေလးပါလို႔ မဟုတ္ရင္ေဒၚသု တစ္ေယာက္ ဘယ္လိုေတြတိုင္ပတ္ေနမယ္ မသိဘူး…😬ေျပာခ်င္တာကေတာ့ အသံေတြသြင္းသီခ်င္းဆို ထားရတယ္လို႔။ မကြၽမ္းက်င္တဲ့ အလုပ္ကိုလုပ္ထား ရတာဆိုေတာ့ ထြက္လာရင္ မဆဲၾကပါနဲ႔လို႔ 🥺🥺🥺” ဆိုျပီး ေျပာျပလာ ပါတယ္။

ပိုင္ျဖိဳးသုကေတာ့ သူမကိုယ္တိုင္ Brand Ambassador အျဖစ္ တာဝန္ယူ ေဆာင္ရြက္ထား ရတဲ့ ကုန္ပစၥည္းေၾကာ္ျငာ အတြက္ သီခ်င္းသြင္းတုန္း ညီမေလးခ်မ္းေျမ့ေမာင္ခ်ိဳေၾကာင့္ အဆင္ေျပသြား ခဲ့ရေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုင္ျဖိဳးသုရဲ့ ေၾကာ္ျငာေလး ထြက္ရိွလာရင္ အားေပးဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

‌မောင်ချိုလေးရဲ့ အကူအညီကြောင့် အလုပ်ကလေး တစ်ခု အဆင်ပြေ သွားကြောင်းကို ပြောပြလာတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ ကလေးအရွယ် ကတည်းက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆရာဝန် တစ်ယောက် ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ သူမမြတ်နိုးတဲ့ အနုပညာ လမ်းကြောင်းပေါ်မှာပဲ လျှောက်လှမ်းရင်း ပရိသတ်အားပေးရ ကျိုးနပ်စေဖို့ မကုန်ဆုံးနိုင်တဲ့ ပညာတွေ ကို သင်ယူနေတာပဲ ဖြစ်ပါတယ်။ ဒီကနေမှာ လည်း ပိုင်ဖြိုးသုက မကျွမ်းကျင်တဲ့ အလုပ်တစ်ခုမှာ တိုင်ပတ်နေတုန်း ချမ်းမြေ့မောင်ချိုရဲ့ အကူအညီ တစ်ခုကြောင့် အဆင်ပြေ ချောမွေ့သွားရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ဒေါ်သုလေးခမျာမှာလေ Oppo နဲ့တွေ့ရင်အထူးတဆန်း‌တွေချည်းပဲ 😬😬😬 Productအသစ်အတွက်ဘာခိုင်းတယ်မှတ်တုံး? သီချင်းဆိုခိုင်းတယ်ဗျာ…. 😅 သီချင်းဆိုတာမှ studioမှာအကျအနကြီးကိုအဆို‌တော်တွေလိုအသံသွင်းရတာ 😏 ဆိုရတာ‌တော့နှစ်ပိုဒ်ထဲပါ။ လူကကြောက်မကြောက် ဆိုတာတော့ လက်ဖျားခြေဖျားတွေကိုအေးနေတာပဲ 🥶 ဆိုနေတာကြောက်သံကြီးပါနေလို့ ချမ်းမြေ့မောင်ချိုလေးက မကြည့်ရက်လို့ ဝင်ကူညီအားပေး သင်ပြပေးရတယ် 😁 သူလေးပါလို့ မဟုတ်ရင်ဒေါ်သု တစ်ယောက် ဘယ်လိုတွေတိုင်ပတ်နေမယ် မသိဘူး…😬ပြောချင်တာကတော့ အသံတွေသွင်းသီချင်းဆို ထားရတယ်လို့။ မကျွမ်းကျင်တဲ့ အလုပ်ကိုလုပ်ထား ရတာဆိုတော့ ထွက်လာရင် မဆဲကြပါနဲ့လို့ 🥺🥺🥺” ဆိုပြီး ပြောပြလာ ပါတယ်။

ပိုင်ဖြိုးသုကတော့ သူမကိုယ်တိုင် Brand Ambassador အဖြစ် တာဝန်ယူ ဆောင်ရွက်ထား ရတဲ့ ကုန်ပစ္စည်းကြော်ငြာ အတွက် သီချင်းသွင်းတုန်း ညီမလေးချမ်းမြေ့မောင်ချိုကြောင့် အဆင်ပြေသွား ခဲ့ရကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုရဲ့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment