Celebrity

ေလျဖတ္ေနတဲ့ အဖိုးအိမ္သြားၿပီး စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းခဲ့တဲ့ ေဝဠဳေက်ာ္

Written by Ms Cele

ေလျဖတ္ေနတဲ့ အဖိုးအိမ္သြားၿပီး စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းခဲ့တဲ့ ေဝဠဳေက်ာ္

ပရဟိတ အလုပ္ေတြကို အဆက္မျပတ္ လုပ္ကိုင္ေနတဲ့ မင္းသားေဝဠဳေက်ာ္ ကေတာ့ လက္ရွိျမန္မာ့အေရးမွာ ျပည္သူေတြ နဲ႔အတူ ရပ္တည္ေနသူပဲျဖစ္ပါတယ္။သူကေတာ့ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို တည္ေထာင္ထားကာ အမွန္တကယ္ အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြဆီ ကိုယ္တိုင္ သြားေရာက္ လႉဒါန္းေနတာေၾကာင့္ ပရိသတ္ေတြကလည္း ခ်စ္ခင္ေလးစားေနၾကတာပါ ။

ဒီေန႔မွာလည္း ေလျဖတ္လို႔ အလုပ္မလုပ္နိုင္ပဲ သူမ်ားေပးကမ္းတာပဲ စားေသာက္ေနရတဲ့ အဖိုးကို အေျခခံစားေသာက္ကုန္မ်ား သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္ ။ ဒါ့အျပင္ အလႉရွင္မ်ားနဲ႔ စုေပါင္းၿပီး အဖိုးတို႔ မိသားစုေလး လုံျခဳံစြာေနထိုင္ဖို႔ အိမ္ေလးေဆာက္ေပးရန္ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္ ။

အလႉလက္ခံ ရရွိတဲ့ ပုံရိပ္ေလးေတြနဲ႔ အတူ ” 19-6-2021 ေတာင္ဒဂုံ က်ဴးက ေလျဖတ္အဖိုးတို႔ အိမ္ကို တေန႔က သြားခဲ့ၿပီး အဖိုးတို႔ လတ္တေလာ အိမ္ေဆာက္ေနခ်ိန္ စားေသာက္ေရး အဆင္ေျပေစဖို႔ ဆန္ ၆ျပည္ ဆီ ကုလားပဲ ၾကက္သြန္နီ ဟင္းခ်က္စရာ အလႉေငြ အျပင္ အဖိုးတို႔ လင္မယားအတြက္ အဝတ္အထည္ အသစ္ေလးေတြပါ ယူသြားၿပီး ေထာက္ပံေပး ခဲ့ပါတယ္။ အိမ္ေဆာက္ဖို႔ ရပ္ကြက္လူႀကီး အေၾကာင္းၾကား ေဆြးေႏြးတိုင္ပင္ခဲ့ၾကပါတယ္။ ေနာက္မွ သိရတာက အဖိုးတို႔လင္မယားမွာ အသက္ ၁၃ႏွစ္ လူမမယ္ သားငယ္ေလး တစ္ေယာက္ပါ ရွိေနပါေသးတယ္။ အဖိုးက ၾကာၾကာရပ္ရင္ ေျခေထာက္က တဆတ္ဆတ္တုန္လာတတ္ေတာ့ အလုပ္သိပ္လုပ္နိူင္ပုံမရပါ။ သူမ်ားေပးကမ္းစာနဲ႔ပဲ စားေသာက္ေနရပုံ ရပါတယ္။ေနစရာေလး လုံျခဳံသြားရင္ ေတာ့ သူတို႔အတြက္ တစ္ခုေတာ့ ေျပလည္အဆင္ေျပသြားမွာပါ။ လႉဒါန္းေပးၾကေသာ အလႉရွင္မ်ား အားလုံးအား အဖိုးတို႔ မိသားစုႏွင့္အတူ ေက်းဇူးတင္ရ ပါတယ္။” ဆိုၿပီး အလႉေအၾကာင္းအရာေလးကိုပါ ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္ ။

Credit: Cele Zone
Photo – Wailu Kyaw

လေဖြတ်နေတဲ့ အဖိုးအိမ်သွားပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

ပရဟိတ အလုပ်တွေကို အဆက်မပြတ် လုပ်ကိုင်နေတဲ့ မင်းသားဝေဠုကျော် ကတော့ လက်ရှိမြန်မာ့အရေးမှာ ပြည်သူတွေ နဲ့အတူ ရပ်တည်နေသူပဲဖြစ်ပါတယ်။သူကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင် သွားရောက် လှူဒါန်းနေတာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်လေးစားနေကြတာပါ ။

ဒီနေ့မှာလည်း လေဖြတ်လို့ အလုပ်မလုပ်နိုင်ပဲ သူများပေးကမ်းတာပဲ စားသောက်နေရတဲ့ အဖိုးကို အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ။ ဒါ့အပြင် အလှူရှင်များနဲ့ စုပေါင်းပြီး အဖိုးတို့ မိသားစုလေး လုံခြုံစွာနေထိုင်ဖို့ အိမ်လေးဆောက်ပေးရန် စီစဉ်နေတယ်လို့လည်း သိရပါတယ် ။

အလှူလက်ခံ ရရှိတဲ့ ပုံရိပ်လေးတွေနဲ့ အတူ ” 19-6-2021 တောင်ဒဂုံ ကျူးက လေဖြတ်အဖိုးတို့ အိမ်ကို တနေ့က သွားခဲ့ပြီး အဖိုးတို့ လတ်တလော အိမ်ဆောက်နေချိန် စားသောက်ရေး အဆင်ပြေစေဖို့ ဆန် ၆ပြည် ဆီ ကုလားပဲ ကြက်သွန်နီ ဟင်းချက်စရာ အလှူငွေ အပြင် အဖိုးတို့ လင်မယားအတွက် အဝတ်အထည် အသစ်လေးတွေပါ ယူသွားပြီး ထောက်ပံပေး ခဲ့ပါတယ်။ အိမ်ဆောက်ဖို့ ရပ်ကွက်လူကြီး အကြောင်းကြား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ နောက်မှ သိရတာက အဖိုးတို့လင်မယားမှာ အသက် ၁၃နှစ် လူမမယ် သားငယ်လေး တစ်ယောက်ပါ ရှိနေပါသေးတယ်။ အဖိုးက ကြာကြာရပ်ရင် ခြေထောက်က တဆတ်ဆတ်တုန်လာတတ်တော့ အလုပ်သိပ်လုပ်နိူင်ပုံမရပါ။ သူများပေးကမ်းစာနဲ့ပဲ စားသောက်နေရပုံ ရပါတယ်။နေစရာလေး လုံခြုံသွားရင် တော့ သူတို့အတွက် တစ်ခုတော့ ပြေလည်အဆင်ပြေသွားမှာပါ။ လှူဒါန်းပေးကြသော အလှူရှင်များ အားလုံးအား အဖိုးတို့ မိသားစုနှင့်အတူ ကျေးဇူးတင်ရ ပါတယ်။” ဆိုပြီး အလှူအေကြာင်းအရာလေးကိုပါ ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit: Cele Zone
Photo – Wailu Kyaw

About the author

Ms Cele

Leave a Comment