Celebrity
Written by Ms Cele
Credit:CELELUCKY
အမေဆုရဲ့မွေးနေ့မှာ ထူးထူးခြားခြား မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နေရွှေသွေးအောင်
ပရိသတ်ကြီးရေ ဒီနေ့ဟာ ပြည်သူတွေ ချစ်ကြတဲ့ အမေစုရဲ့ မွေးနေ့ နေ့ထူးနေ့မြတ်လေး ပါပဲနော်။ အမေစုဟာ စစ်ကောင်စီ ဘက်မှ ဖမ်းဆီးထား တာကြောင့် နေအိမ်မှာ အကျယ်ချုပ်ဘဝနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်နော်။ သူ့ရဲ့နေစရိတ် စားစရိတ်တွေ ကိုလည်း စစ်ကောင်စီထံမှ မယူလိုတာကြောင့် ရှေ့နေမှတစ်ဆင့် တောင်းခံခဲ့တဲ့ အာဂအမျိုးသမီးတစ်ဦးပါပဲနော်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ကိုတော့ ထူးထူးခြားခြား နေရွှေသွေးအောင်မှ ဆုတောင်းပေး တာကို တွေ့ရပါတယ်နော်။ နေရွှေသွေးအောင်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း (၄၀) ကျော် အုပ်ချုပ်လာ ခဲ့တဲ့ ဦးငန်းရွှေရဲ့ မြေးဖြစ်တာကြောင့် လူမုန်းများခဲ့သူပါနော်။ လူငယ်ဘဝက အရမ်းကို ဆိုးသွမ်းခဲ့ပြီး လူတိုင်းအပေါ် ဗိုလ်ကျလာတဲ့ နေရွှေသွေးအောင်ဟာ အခုချိန်မှာတော့ လူကြီးလူကောင်းပုံစံသို့ ပြောင်းလာခဲ့ပါပြီနော်။
အရင်နှစ်တွေ ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့တိုင်း သဝဏ်လွှာပေးပို့ ခဲ့သူလည်း ဖြစ်ပါတယ်နော်။ သူ့စိတ်အတွင်းပိုင်း ထဲမှာ ဘယ်လိုပုံစံနဲ့ ဒီလိုတွေလုပ်နေတယ် ဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မယ် ထင်ပါတယ်နော်။ စာဖတ် ပရိသတ်ကြီးလည်း နိုင်ငံ့ခေါင်းဆောင်ရဲ့မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။
Credit:CELELUCKY
About the author
Ms Cele
Leave a Comment