Celebrity

မိဘမဲ့ကေလးအေယာက္ (၃၀၀)စာအတြက္ အလွဴရွင္ေတြနဲ႕အတူ စုေပါင္းကာ ေန႔လည္စာအာဟာရဒါနအလႉေလး ျပဳလုပ္ခဲ့တဲ့ ပိုးၾကာျဖဴခင္

Written by Ms Cele

မိဘမဲ့ကေလးအေယာက္ (၃၀၀)စာအတြက္ အလွဴရွင္ေတြနဲ႕အတူ စုေပါင္းကာ ေန႔လည္စာအာဟာရဒါနအလႉေလး ျပဳလုပ္ခဲ့တဲ့ ပိုးၾကာျဖဴခင္

ပရိသတ္ေတြက “ဆိုင္းမိုင္”လို႔ ခ်စ္စနိုးတဲ့ ေခၚဆိုၾကတဲ့ မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္ ကေတာ့ မေန႔က ဇြန္လ (၁၉)ရက္ေန႔မွာ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ပိုးၾကာျဖဴခင္တို႔ မိသားစု ကေတာ့ သံဃာေတာ္ အရွင္သူျမတ္ေတြကို ဆြမ္းကပ္လႉဒါန္းတဲ့ အာဟာရဒါန အလႉေလးျဖစ္ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ သံဃာေတာ္ေတြ သီတင္းသုံးေနထိုင္တဲ့ ေက်ာင္းမွာပဲ မိဘမဲ့ကေလးငယ္အေယာက္ (၃၅၀)စာအတြက္ ေန႔လည္စာ အာဟာရဒါနအလႉေလးကိုပါ လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ဒီေန႔မွာျပဳလုပ္တဲ့ အလႉေလးကေတာ့ ပိုးၾကာျဖဴခင္တို႔ မိသားစုနဲ႔အတူ ပိုးၾကာျဖဴခင္ကို ခ်စ္ခင္ၿပီး အားေပးၾကတဲ့ ပရိသတ္ေတြနဲ႔ အတူ စုေပါင္းၿပီး စုေဆာင္းထားတဲ့ ေငြေၾကးေတြနဲ႔ ျပဳလုပ္ခဲ့တဲ့ အလႉေလးပဲျဖစ္ပါတယ္။

အခုလို ခ်စ္ခင္တဲ့ ပရိသတ္ေတြနဲ႔ စိတ္ကူကိုယ္တူ လႉဒါန္းတဲ့ အာဟာရဒါန အလႉေလးေၾကာင့္ ပရိသတ္ေတြေရာ ဆိုင္းမိုင္ေလးပါ လိုအင္ဆႏၵေတြ ျပည့္ဝၿပီး ေဘးအႏၲရာယ္ေတြ ကင္ရွင္းပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္ေနာ္။ ပရိသတ္ေတြလည္း ဆုမြန္ေကာင္းေလးေတြ ေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Poe Kyar Phyu Khin
Credit:Cele Zone

မိဘမဲ့ကလေးအယောက် (၃၀၀)စာအတွက် အလှူရှင်တွေနဲ့အတူ စုပေါင်းကာ နေ့လည်စာအာဟာရဒါနအလှူလေး ပြုလုပ်ခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေက “ဆိုင်းမိုင်”လို့ ချစ်စနိုးတဲ့ ခေါ်ဆိုကြတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ မနေ့က ဇွန်လ (၁၉)ရက်နေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပိုးကြာဖြူခင်တို့ မိသားစု ကတော့ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့ အာဟာရဒါန အလှူလေးဖြစ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် သံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ကျောင်းမှာပဲ မိဘမဲ့ကလေးငယ်အယောက် (၃၅၀)စာအတွက် နေ့လည်စာ အာဟာရဒါနအလှူလေးကိုပါ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာပြုလုပ်တဲ့ အလှူလေးကတော့ ပိုးကြာဖြူခင်တို့ မိသားစုနဲ့အတူ ပိုးကြာဖြူခင်ကို ချစ်ခင်ပြီး အားပေးကြတဲ့ ပရိသတ်တွေနဲ့ အတူ စုပေါင်းပြီး စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ပြုလုပ်ခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။

အခုလို ချစ်ခင်တဲ့ ပရိသတ်တွေနဲ့ စိတ်ကူကိုယ်တူ လှူဒါန်းတဲ့ အာဟာရဒါန အလှူလေးကြောင့် ပရိသတ်တွေရော ဆိုင်းမိုင်လေးပါ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး ဘေးအန္တရာယ်တွေ ကင်ရှင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။ ပရိသတ်တွေလည်း ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါဦးနော်။

Source – Poe Kyar Phyu Khin
Credit:Cele Zone

About the author

Ms Cele

Leave a Comment