Celebrity

စည္ပင္က သန႔္ရွင္းေရး ဝန္ထမ္းေတြနဲ႔ ခ်ိဳ႕တဲ့ တဲ့သူ တစ္ခ်ိဳ႕အတြက္ အေျခခံစားေသာက္ကုန္မ်ားလွဴဒါန္းေပးခဲ့တဲ့ Ah Boy

Written by Ms Cele

စည္ပင္က သန႔္ရွင္းေရး ဝန္ထမ္းေတြနဲ႔ ခ်ိဳ႕တဲ့ တဲ့သူ တစ္ခ်ိဳ႕အတြက္ အေျခခံစားေသာက္ကုန္မ်ားလွဴဒါန္းေပးခဲ့တဲ့ Ah Boy

ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ အဆိုေတာ္ Ah Boy ကေတာ့ မေန႔က ဇြန္လ (၁၉)ရက္ေန႔က အကိုလို ခင္ရတဲ့ မိတ္ေတြ တစ္ဦးနဲ႔ ႏွစ္ေယာက္ ေပါင္းကာ အေျခခံစားေသာက္ကုန္ေတြ လိုက္လံလႉဒါန္းခဲ့ပါတယ္။ Ah Boy ကေတာ့ အလႉအတန္းေတြကို အလႉေရစက္လက္နဲ႔မကြာဆိုသလို တတ္နိုင္သေလာက္ အျမဲတမ္းလိုလို လႉဒါန္းေလ့ရွိတာကို ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။

မေန႔ကလည္း စည္ပင္က သန႔္ရွင္းေရး ဝန္ထမ္းေတြနဲ႔ ခ်ိဳ႕တဲ့တဲ့သူ တစ္ခ်ိဳ႕ အတြက္ကို အေျခခံစားေသာက္ကုန္ ေတြျဖစ္တဲ့ ဆန္၊ေခါက္ဆြဲေျခာက္၊ ငါးေသတၱာဘူး စတာေတြကို လိုက္လံလႉဒါန္းေပးခဲ့တာပါ။ Ah Boy ကေတာ့ မေန႔ျပဳလုပ္ခဲ့တဲ့ သူတို႔ရဲ့အလႉေလးကို ပရိသတ္ေတြ သာဓုေခၚဆိုနိုင္ေစဖို႔ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ လိုက္လံလႉဒါန္းတဲ့ ပုံေလးေတြနဲ႔ အတူ အခုလိုပဲမၽွေဝထားပါေသးတယ္။

“ယေန႔ ကၽြန္ေတာ္တို႔ ညီအကို (၂) ေယာက္ရဲ့ အလႉေလးပါ။”ဆိုတဲ့ စာေလးနဲ႔ အတူ အခုလို အလႉေလးကို ပါဝင္လႉဒါန္းေအာင္ ဖိတ္ေခၚေပးတဲ့ အကိုလိုခင္ရတဲ့သူကိုလည္းေက်းဇူးတင္ရွိေၾကာင္းေဖာ္ျပထားပါေသးတယ္။ပရိသတ္ႀကီးေရ Ah Boy တို႔ရဲ့ အလႉေလးကို ပရိသတ္ေတြကလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Ah Boy, Kyi Thar Han
Credit:Cele Zone

စည်ပင်က သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ ချို့တဲ့ တဲ့သူ တစ်ချို့အတွက် အခြေခံစားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ Ah Boy

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် Ah Boy ကတော့ မနေ့က ဇွန်လ (၁၉)ရက်နေ့က အကိုလို ခင်ရတဲ့ မိတ်တွေ တစ်ဦးနဲ့ နှစ်ယောက် ပေါင်းကာ အခြေခံစားသောက်ကုန်တွေ လိုက်လံလှူဒါန်းခဲ့ပါတယ်။ Ah Boy ကတော့ အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို တတ်နိုင်သလောက် အမြဲတမ်းလိုလို လှူဒါန်းလေ့ရှိတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

မနေ့ကလည်း စည်ပင်က သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ ချို့တဲ့တဲ့သူ တစ်ချို့ အတွက်ကို အခြေခံစားသောက်ကုန် တွေဖြစ်တဲ့ ဆန်၊ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး စတာတွေကို လိုက်လံလှူဒါန်းပေးခဲ့တာပါ။ Ah Boy ကတော့ မနေ့ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ လိုက်လံလှူဒါန်းတဲ့ ပုံလေးတွေနဲ့ အတူ အခုလိုပဲမျှဝေထားပါသေးတယ်။

“ယနေ့ ကျွန်တော်တို့ ညီအကို (၂) ယောက်ရဲ့ အလှူလေးပါ။”ဆိုတဲ့ စာလေးနဲ့ အတူ အခုလို အလှူလေးကို ပါဝင်လှူဒါန်းအောင် ဖိတ်ခေါ်ပေးတဲ့ အကိုလိုခင်ရတဲ့သူကိုလည်းကျေးဇူးတင်ရှိကြောင်းဖော်ပြထားပါသေးတယ်။ပရိသတ်ကြီးရေ Ah Boy တို့ရဲ့ အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Ah Boy, Kyi Thar Han
Credit:Cele Zone

About the author

Ms Cele

Leave a Comment