Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Khine Hnin Wai

HIV Positive ရှိနေတဲ့ သားလေးကိုအသက်ရှည်ရှည်နဲ့ ကျန်းမာစွာနေထိုင်နိုင်ရန် ရည်ရွယ်ပြီး .N.A.Cသို့ ဝမ်းနည်းစွာပို့ဆောင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည် အောင်မြင်နေတာ ဖြစ်ပြီး ပရဟိတ အလုပ်တွေကိုပါ ဆက်တိုက် လုပ် ဆောင်နေတာကြောင့် သူမကို ချစ်စနိုးနဲ့ မေတ္တာရှင်မလေး လို့တောင် ခေါ်နေကြတာလည်း တွေ့ရပါတယ်။ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာကိုလည်း တည်ထောင်ထားတာသလို အခုလိုအချိန်မျိုးမှာလည်း အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကိုလည်း နိုင်သလောက် လိုက်လံ လှူဒါန်းမှုတွေကို ပြုလုပ်နေသူ ပဲဖြစ်ပါတယ်။

ကိုယ်ကျိုး မကြည့်ဘဲ လူတိုင်းအပေါ် အမြဲ ကူညီပေးချင်တဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကတော့ မွန်မြတ်လှပါတယ်။ ဒီနေ့မှာတော့ စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို သူရဲ့ စာမျက်နှာထက်မှာ ဝေမျှလာပါတယ် ။ သူခေါ်ယူ မွေးစား စောင့်ရှောက်ထားတဲ့ သားလေးမှာ HIV Positive ရှိနေကြောင်း သိရတာကြောင့် စိတ်မကောင်းဖြစ်နေကြောင်းပဲဖြစ်ပါတယ် ။

ဒီရောဂါဆိုးကြီး ရှိနေတဲ့ သားလေး အတွက် ရေရှည်ကိုကြည့်ပြီး အသက်ရှည်ရှည်နဲ့ အချိန်ကြာကြာ ကျန်းမာစွာနေထိုင်နိုင်ရန် ရည်ရွယ်ပြီး .N.A.C (NLD AIDS Center ) ကို ရင်ကွဲစွာနဲ့ပဲ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ် ။ ” သားလေးကို N.A.C သို့ ပို့ဆောင်ထားရှိခဲ့ပါတယ်..N.A.C (NLD AIDS Center ) မှ တာဝန်ရှိလူကြီးမင်းများနှင့်ဝန်ထမ်းများ အားလုံးကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်.အတတ်နိုင်ဆုံး ကောင်းမွန်စွာ ရပ်တည် အသက်ရှင်နိုင်အောင် ဝိုင်းဝန်းစောင့်ရှောက်ရင်း သားလေး ကံကောင်းပါစေလို့ ဆုတောင်းနေပါတယ်ရှင်.” ဆိုတဲ့စာလေးကိုလည်း ရေးသားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment