Celebrity


Written by Ms Cele





Credit:Cele Zone

အဖေများနေ့မှာ သူမရဲ့အဖေနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေတင်ရင်းကမ္ဘာပေါ်မှာ ရှိသမျှအဖေတွေအတွက်လည်း ဆုတောင်းပေးလိုက်တဲ့ ဆောင်းဝတ်ရည်မေ

ဆောင်းဝတ်ရည်မေ ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေ ကတော့ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့လေးအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့အဖေအတွက် ရည်ရွယ်ပြီး ဆုတောင်းစကားလေးဆိုလာခဲ့ပါတယ်။

“Happy Father’s Day ပါ ဖေကြီး ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေပြီးတော့ ဖော်ပြလာခဲ့ပြီး သူ့ရဲ့ဖခင်နဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကိုပါ အမှတ်တရအနေနဲ့ တင်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် ဆောင်းဝတ်ရည်မေက သူ့ရဲ့အဖေ အတွက် အဖေများနေ့အမှတ်တရ ဆုတောင်းလေးအပြင် ကမ္ဘာပေါ်မှာ ရှိသမျှအဖေတွေအတွက်လည်း အဖေများနေ့မှာ အဖေတွေ အားလုံးပျော်ရွှင်နိုင်ကြပါစေ လို့လည်း ဆုတောင်းပေးထား ပါသေးတယ်။

ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့မှာ ပရိသတ်ကြီးတွေရဲ့ အဖေတွေ အားလုံးလည်း သက်ရှည်ကျန်းမာပြီး မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။

Source – Hsaung Wutyee May
Credit:Cele Zone

About the author

Ms Cele

Leave a Comment