Celebrity

သူရဲ႕ ေခၽြးနဲစာေလးနဲ႕ ေက်ာက္ကပ္ေဆးေနရတဲ့ ေဝဒနာရွင္အတြက္ တတ္ႏိုင္သေလာက္ ေဆးဖိုးလႉဒါန္းေပးလိုက္တဲ့ လျပည့္

Written by Ms Cele

သူရဲ႕ ေခၽြးနဲစာေလးနဲ႕ ေက်ာက္ကပ္ေဆးေနရတဲ့ ေဝဒနာရွင္အတြက္ တတ္ႏိုင္သေလာက္ ေဆးဖိုးလႉဒါန္းေပးလိုက္တဲ့ လျပည့္

ပရိသတ္ႀကီးေရ လျပည့္ ကေတာ့ MRTV-4႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ မင္းသားေခ်ာေလး ပဲျဖစ္ပါတယ္။ လျပည့္ကေတာ့ လတ္တေလာမွာ ေက်ာက္ကပ္ေဆးေနရတဲ့ ေဝဒနာရွင္ တစ္ေယာက္အတြက္ ေက်ာက္ကပ္ေဆးဖို႔ လိုအပ္ေနတဲ့ ေဆးဖိုးေတြကို သူတတ္နိုင္သေလာက္ လႉဒါန္းတဲ့ အလႉေလးတစ္ခုျပဳလုပ္ခဲ့ပါတယ္။

လျပည္က အခုလို လႉဒါန္းျဖစ္တာ ကလည္း သူ႔ရဲ့ေက်းဇူးရွင္ ေမြးမိခင္ႀကီးကိုယ္တိုင္က ေက်ာက္ကပ္ေရာဂါေဝဒနာကို ခံစားခဲ့ရၿပီး ေက်ာက္ကပ္ေဆးကာ ေဆးကုသမႈခံယူေနစဥ္မွာပဲဆုံးပါး ကြယ္လြန္သြားခဲ့တာေၾကာင့္ ကိုယ္ခ်င္းစာတဲ့ စိတ္ေၾကာင့္လႉဒါန္းခဲ့ တာပါတဲ့။သူ႔ရဲ့ အေမမကြယ္လြန္ခင္ ေရာဂါခံစားေနခဲ့ ရစဥ္က ၾကဳံေတြခဲ့ရတဲ့အခက္အခဲေတြကို ကိုယ္တိုင္ၾကဳံေတြခဲ့ရတာမို႔လည္း အခုလိုကာလကိုယ္တိုင္ေတာင္ က်ပ္တည္းေနခ်ိန္မွာ သူတတ္နိုင္သေလာက္ လႉဒါန္းေပးခဲ့တာလို႔လည္း ေဖာ္ျပထားပါေသးတယ္။

လျပည့္ရဲ့ မိခင္ႀကီး ကေတာ့ သားျဖစ္သူလျပည့္ရဲ့ ကိုယ္ခ်င္းစာ စိတ္အျပည့္နဲ႔ လႉဒါန္းတဲ့ ဒီအလႉေလးကို ေကာင္ရာ ဘုံဘဝကေနၿပီးေတာ့ သာဓုေခၚဆိုေန ပီတိျဖစ္ေနမွာေတာ့ အေသအခ်ာပါပဲ။ ပရိသတ္ႀကီးလည္း လျပည့္ရဲ့ မြန္ျမတ္လွတဲ့ စိတ္ေလးနဲ႔ ျပဳလုပ္တဲ့ အလႉေလးကို သာဓုေခၚဆိုေပး ခဲ့ၾကပါဦးေနာ္။

Source – La Pyae (လျပည့္)
Credit:Cele Zone

သူရဲ့ ချွေးနဲစာလေးနဲ့ ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်အတွက် တတ်နိုင်သလောက် ဆေးဖိုးလှူဒါန်းပေးလိုက်တဲ့ လပြည့်

ပရိသတ်ကြီးရေ လပြည့် ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသားချောလေး ပဲဖြစ်ပါတယ်။ လပြည့်ကတော့ လတ်တလောမှာ ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင် တစ်ယောက်အတွက် ကျောက်ကပ်ဆေးဖို့ လိုအပ်နေတဲ့ ဆေးဖိုးတွေကို သူတတ်နိုင်သလောက် လှူဒါန်းတဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

လပြည်က အခုလို လှူဒါန်းဖြစ်တာ ကလည်း သူ့ရဲ့ကျေးဇူးရှင် မွေးမိခင်ကြီးကိုယ်တိုင်က ကျောက်ကပ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကျောက်ကပ်ဆေးကာ ဆေးကုသမှုခံယူနေစဉ်မှာပဲဆုံးပါး ကွယ်လွန်သွားခဲ့တာကြောင့် ကိုယ်ချင်းစာတဲ့ စိတ်ကြောင့်လှူဒါန်းခဲ့ တာပါတဲ့။သူ့ရဲ့ အမေမကွယ်လွန်ခင် ရောဂါခံစားနေခဲ့ ရစဉ်က ကြုံတွေခဲ့ရတဲ့အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေခဲ့ရတာမို့လည်း အခုလိုကာလကိုယ်တိုင်တောင် ကျပ်တည်းနေချိန်မှာ သူတတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာလို့လည်း ဖော်ပြထားပါသေးတယ်။

လပြည့်ရဲ့ မိခင်ကြီး ကတော့ သားဖြစ်သူလပြည့်ရဲ့ ကိုယ်ချင်းစာ စိတ်အပြည့်နဲ့ လှူဒါန်းတဲ့ ဒီအလှူလေးကို ကောင်ရာ ဘုံဘဝကနေပြီးတော့ သာဓုခေါ်ဆိုနေ ပီတိဖြစ်နေမှာတော့ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း လပြည့်ရဲ့ မွန်မြတ်လှတဲ့ စိတ်လေးနဲ့ ပြုလုပ်တဲ့ အလှူလေးကို သာဓုခေါ်ဆိုပေး ခဲ့ကြပါဦးနော်။

Source – La Pyae (လပြည့်)
Credit:Cele Zone

About the author

Ms Cele

Leave a Comment