Celebrity


Written by Ms Cele





Credit:CELELUCKY

မေမေစကားပြောနေတာကို ပြုံးပြုံးလေးကြည့်နေတဲ့ သမီးလေးကို ချစ်မဝဖြစ်နေတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ ချမ်းချမ်း တစ်ယောက် အီတလီနိုင်ငံမှာပဲ သမီးလေးနဲ့အတူ နေထိုင်နေတာပါနော်။ စစ်ကောင်စီဘက်က ဝရမ်းပြေးအဖြစ် ပုဒ်မတပ်ခံ ထားရလို့ မြန်မာနိုင်ငံသို့ ပြန်လာလို့ မရဘဲ ဖြစ်နေတာပါနော်။ နွေဦးတော်လှန်ရေး အတွက် ဆိုရှယ်မီဒီယာကနေ လိုအပ်တာတွေကို ပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်နော်။

သူမနေတဲ့ နိုင်ငံမှာလည်း ကိုဗစ်ရောဂါပိုးတွေ့ ပြန့်နှံ့နေတာကြောင့် အပြင်ထွက် လို့ မရပဲ အိမ်မှာ stay at home ဖြစ်နေတာပါနော်။ ဒါ့ကြောင့် သမီးလေးကို ပိုပြီး အချိန်တွေပေးဖြစ်နေ တာပါနော်။ချမ်းချမ်းရဲ့သမီးငယ်လေးကလည်းအဖေနဲ့သိပ်တူပြီး ချစ်ဖို့ကောင်းပါတယ်နော်။

ချမ်းချမ်း တစ်ယောက် သူ့သမီးလေးရဲ့ လှုပ်ရှားမှုတိုင်းကို အချစ်တွေပိုတိုး နေရတာပါနော်။ နို့ဗူးသောက်ပြီး မေမေပြောတဲ့ စကားတွေကို ပြုံးပြုံးလေးနဲ့ နားထောင်နေတဲ့ သမီးလေးရဲ့ ဗီဒီယိုဖိုင်လေးကို ” သမီးလေးနဲ့ တစ်နေ့တာအပျော် ရိုက်ထားတာလေးပါ တစ်နေ့တာ အမောတွေပြေပါစေ❤️❤️❤️နို့သောက်ပီးနို့မူးသမားလေး😂😂😂😂နှစ်လမှာ အရုပ်ကလေးစ ကိုင်တတ်ပြီ ” ဆိုတဲ့ caption နဲ့အတူ တင်ထားတာဖြစ်တဲ့ အတွက် ဝေမျှလိုက်ရပါတယ် ပရိသတ်ကြီးရေ….

Credit:CELELUCKY

About the author

Ms Cele

Leave a Comment