Celebrity

2ne1 အဖြဲ့ဝင္ေဟာင္း Park Bom နဲ့ “Red Light” သီခ်င္းသစ္ မွာ အတူတူ တြဲဖက္ သီဆိုမွာ ျဖစ္ေၾကာင္း တရားဝင္ေၾကျငာ လိုက္တဲ့ စိုင္းစိုင္းခမ္းလိႈင္

Written by Ms Cele

2ne1 အဖြဲ့ဝင္ေဟာင္း Park Bom နဲ့ “Red Light” သီခ်င္းသစ္ မွာ အတူတူ တြဲဖက္ သီဆိုမွာ ျဖစ္ေၾကာင္း တရားဝင္ေၾကျငာ လိုက္တဲ့ စိုင္းစိုင္းခမ္းလိႈင္

ပည္တြင္းမွာ သာမက ျပည္ပနိုင္ငံထိ ထိုးေဖာက္ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ စိုင္းစိုင္းခမ္းလိႈင္ ကေတာ့ အခုဆိုရင္ အသက္(၄၂) နွစ္အရြယ္ ေရာက္ရိွေနျပီဆုိေပမယ့္ အနုပညာ ေလာကရဲ့ အေတာက္ပဆံုး ၾကယ္တစ္ပြင့္အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ အနုပညာသက္တမ္း နွစ္(၂၀) ေက်ာ္ေနျပီျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္ က ပရိသတ္ေတြ အတြက္ မရိုးနိုင္တဲ့ ခံစားမႈရသေတြကို ေပးစြမ္းဖို့ ၾကိဳးစားေန သလို ဒီတစ္ခါမွာလည္း ပရိသတ္ေတြ အတြက္ ၾကီးၾကီးမားမား Surprise ကို ျပဳလုပ္ခဲ့ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္ ကေတာ့ “Red Light” ဆိုတဲ့ သီခ်င္းသစ္ကို ထြက္ရိွမွာျဖစ္ျပီး ထိုသီခ်င္းက 2ne1 Member တစ္ေယာက္နဲ့ အတူတူ တြဲဖက္သီဆို မယ္လို့ သတင္းေမႊးေနခဲ့တာ ျဖစ္ပါတယ္။ ဒီကေန့ မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္ က “Red Light” သီခ်င္းသစ္က 2ne1 အဖြဲ့ဝင္ေဟာင္း Park Bom နဲ့ Collaboration လုပ္ျပီး အတူတူ တြဲဖက္သီဆိုသြား မယ္လို့ သူ့ရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာကေန တရားဝင္အသိေပး လာခဲ့ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္နဲ့ Park Bom တို့ရဲ့ “Red Light” သီခ်င္းသစ္ ကေတာ့ စိုင္းစိုင္းခမ္းလိႈင္အတြက္ ပထမဦးဆံုး ကိုရီးယား အနုပညာရွင္နဲ့ Music Collaboration ျဖစ္ျပီး Park Bom အတြက္လည္း ျပည္ပ အနုပညာရွင္နဲ့ ပထမဦးဆံုး ျဖစ္တယ္လို့ သိရပါတယ္။ ပရိသတ္ၾကီး ကေတာ့ စိုင္းစိုင္းခမ္းလိႈင္နဲ့ ကမၻာေက်ာ္ KPop အဖြဲ့ဝင္ေဟာင္း Park Bom တို့ရဲ့ “Red Light” သီခ်င္းကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ေပးၾက ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

2ne1 အဖွဲ့ဝင်ဟောင်း Park Bom နဲ့ “Red Light” သီချင်းသစ် မှာ အတူတူ တွဲဖက် သီဆိုမှာ ဖြစ်ကြောင်း တရားဝင်ကြေငြာ လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပည်တွင်းမှာ သာမက ပြည်ပနိုင်ငံထိ ထိုးဖောက် အောင်မြင်ကျော်ကြားနေတဲ့ စိုင်းစိုင်းခမ်းလှိုင် ကတော့ အခုဆိုရင် အသက်(၄၂) နှစ်အရွယ် ရောက်ရှိနေပြီဆိုပေမယ့် အနုပညာ လောကရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ်း နှစ်(၂၀) ကျော်နေပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် က ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ပေးစွမ်းဖို့ ကြိုးစားနေ သလို ဒီတစ်ခါမှာလည်း ပရိသတ်တွေ အတွက် ကြီးကြီးမားမား Surprise ကို ပြုလုပ်ခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ကတော့ “Red Light” ဆိုတဲ့ သီချင်းသစ်ကို ထွက်ရှိမှာဖြစ်ပြီး ထိုသီချင်းက 2ne1 Member တစ်ယောက်နဲ့ အတူတူ တွဲဖက်သီဆို မယ်လို့ သတင်းမွှေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ စိုင်းစိုင်းခမ်းလှိုင် က “Red Light” သီချင်းသစ်က 2ne1 အဖွဲ့ဝင်ဟောင်း Park Bom နဲ့ Collaboration လုပ်ပြီး အတူတူ တွဲဖက်သီဆိုသွား မယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ တရားဝင်အသိပေး လာခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom တို့ရဲ့ “Red Light” သီချင်းသစ် ကတော့ စိုင်းစိုင်းခမ်းလှိုင်အတွက် ပထမဦးဆုံး ကိုရီးယား အနုပညာရှင်နဲ့ Music Collaboration ဖြစ်ပြီး Park Bom အတွက်လည်း ပြည်ပ အနုပညာရှင်နဲ့ ပထမဦးဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီး ကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကမ္ဘာကျော် KPop အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ “Red Light” သီချင်းကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြ ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment