Celebrity


Written by Ms Cele




ခဲ့ပါတယ်။

Credit:Cele Zone

Ah Boyအတွက် ကြည်နူးစရာ မွေးနေ့ဆုတောင်း စကားလေး ပြောခဲ့တဲ့ မြတ်ရတနာကျော်

ပရိသတ်ကြီးရေ ဒီနေ့ကတော့ အဆိုတော် အာဘွိုင်းရဲ့ အသက် (၃၅) နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မြတ်ကတော့ သူမ သိပ်ချစ်ရတဲ့ ခင်ပွန်းအတွက် ကြည်နူးစရာမွေးနေ့ဆုတောင်း စကားလေးပြောခဲ့ပါတယ်။ ချစ်စရာသမီးလေး သုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်အေးချမ်း ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို မြတ်ရဲ့ဆုတောင်းစကားလေးက မြင်သာစေခဲ့ပါတယ်။

အတူတူလက်တွဲလာခဲ့တဲ့ (၃) နှစ်တာကာလမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ချစ်ခြင်း မေတ္တာတွေနဲ့ ခိုင်မြဲလာခဲ့တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီး မောင်နှံဟာ မြင်သူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ချစ်စရာသမီးလေး တွေဟာ ဖေဖေမေမေတို့ရဲ့ နေ့စဉ်ဘဝအတွက် အပျော်လေးတွေကို သယ်လာခဲ့သူလေးတွေပါ။

ခင်ပွန်းအတွက်မွေးနေ့ဆုတောင်း စကားလေးကို ” Happy 35th birthday သမီးသုံးယောက်ဖေဖေ မိန်းမနဲ့ သမီး (၃) ယောက် အပေါ် ဒီထက်မက ပိုပိုချစ်သော ဖေဖေဖြစ်ပါစေ ဘုန်းကြီး အသက်ရှည်ပြီး ချစ်ရတဲ့ မိသားစုနဲ့ ကျန်းကျန်းမာမာ နေနိုင်ပြီး ဘုရားသခင် ကိုကိုအပေါ် သာ၍ ကောင်းချီးပေးပါစေ I love You ” ဆိုပြီး ဆုတောင်းပေး
ခဲ့ပါတယ်။

Credit:Cele Zone
Source:Myat Yadanar Kyaw

About the author

Ms Cele

Leave a Comment