Celebrity

Anniversary Gift အေနနဲ့ ျမတ္ရတနာေက်ာ္ အတြက္ သီခ်င္းေလး တစ္ပုဒ္ လက္ေဆာင္ေပး ခဲ့တဲ့ Ah Boy

Written by Ms Cele

Anniversary Gift အေနနဲ့ ျမတ္ရတနာေက်ာ္ အတြက္ သီခ်င္းေလး တစ္ပုဒ္ လက္ေဆာင္ေပး ခဲ့တဲ့ Ah Boy

ပရိသတ္ရဲ့ အခ်စ္ေတာ္ Ah Boy နဲ႔ျမတ္ရတနာေက်ာ္တို႔ ကေတာ့ သမီးေလး Scarlett နဲ႔အတူ ေပ်ာ္ရႊင္စရာမိသားစု ဘဝေလးကို တည္ေဆာက္ထား ၾကသူေတြပါ။ ႏွစ္ဦးစလုံးအႏုပညာ အလုပ္ေတြသိပ္ မလုပ္ျဖစ္ၾက ေတာ့ေပမယ့္ Our Travel Diaries Page ေလးကေနတဆင့္ ပရိသတ္အတြက္ အမ်ိဳးမ်ိဳးေသာ ဗြီဒီယိုေလးေတြ တင္ဆက္ေပးေနပါတယ္။

Ah Boy ကေတာ့ ၿပီးခဲ့တဲ့လ ကမွ သီခ်င္းေတြျပန္လုပ္လာခဲ့ၿပီး ေမာင္ခ်ိဳနဲ႔အတူတူ သီဆိုထားတဲ့ အေငြ႕အသက္ မ်ား သီခ်င္းေလးက ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလး ေရပန္းစားခဲ့သလို ဒီေန႔မွာေတာ့ သူဖန္တီး ထားတဲ့ ေနာက္ထပ္သီခ်င္းအသစ္ေလးတစ္ပုဒ္ကို ထပ္မံခ်ျပခဲ့ ပါတယ္။ ဒီသီခ်င္းေလးကိုေတာ့ ျမတ္အတြက္ Anniversary Gift အေနနဲ႔ေပးဖို႔ ရည္ရြယ္ကာ ဖန္တီးျဖစ္ခဲ့တာျဖစ္ၿပီး သီခ်င္းေလးကိုေတာ့ ေက်းကၽြန္ ဆိုၿပီး အမည္ေပးထားပါတယ္။

1500 Days …. သူမတစ္ေယာက္တည္းကို ျမတ္ျမတ္ နိုးနိုးနဲ႔ ခ်စ္လာခဲ့တာ ဒီေန႔မွာ ရက္ေပါင္း (၁၅၀၀) ရွိလာခဲ့ပါၿပီ။ အရာရာ ကို နားလည္မႈေတြနဲ႔ ေပ်ာ္ရႊင္စရာေန႔ ရက္ေပါင္း (၁၅၀၀) ျဖစ္ေအာင္လည္း ဖန္တီးေပး ခဲ့တဲ့အတြက္ ေက်းဇူး အထူးပါ မိန္းမေရ ဆိုၿပီး အမိုက္စားစုံတြဲပုံေလးေတြနဲ႔အတူ သီခ်င္းအသစ္ေလး ကိုပါ မၽွေဝေပးခဲ့ပါတယ္။ နားေထာင္လိုက္႐ုံနဲ႔ Ah Boy ရဲ့ ျမတ္အေပၚမွာထားတဲ့ အခ်စ္ေတြကို ခံစားမိၿပီး အားက်သြားေစရမယ့္ ေက်းကၽြန္သီခ်င္းေလး ကိုေတာ့ JOOX မွာနားေထာင္လို႔ ရေနပါၿပီေနာ္။

Credit:Cele Gabar

Anniversary Gift အနေနဲ့ မြတ်ရတနာကျော် အတွက် သီချင်းလေး တစ်ပုဒ် လက်ဆောင်ပေး ခဲ့တဲ့ Ah Boy

ပရိသတ်ရဲ့ အချစ်တော် Ah Boy နဲ့မြတ်ရတနာကျော်တို့ ကတော့ သမီးလေး Scarlett နဲ့အတူ ပျော်ရွှင်စရာမိသားစု ဘဝလေးကို တည်ဆောက်ထား ကြသူတွေပါ။ နှစ်ဦးစလုံးအနုပညာ အလုပ်တွေသိပ် မလုပ်ဖြစ်ကြ တော့ပေမယ့် Our Travel Diaries Page လေးကနေတဆင့် ပရိသတ်အတွက် အမျိုးမျိုးသော ဗွီဒီယိုလေးတွေ တင်ဆက်ပေးနေပါတယ်။

Ah Boy ကတော့ ပြီးခဲ့တဲ့လ ကမှ သီချင်းတွေပြန်လုပ်လာခဲ့ပြီး မောင်ချိုနဲ့အတူတူ သီဆိုထားတဲ့ အငွေ့အသက် များ သီချင်းလေးက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့သလို ဒီနေ့မှာတော့ သူဖန်တီး ထားတဲ့ နောက်ထပ်သီချင်းအသစ်လေးတစ်ပုဒ်ကို ထပ်မံချပြခဲ့ ပါတယ်။ ဒီသီချင်းလေးကိုတော့ မြတ်အတွက် Anniversary Gift အနေနဲ့ပေးဖို့ ရည်ရွယ်ကာ ဖန်တီးဖြစ်ခဲ့တာဖြစ်ပြီး သီချင်းလေးကိုတော့ ကျေးကျွန် ဆိုပြီး အမည်ပေးထားပါတယ်။

1500 Days …. သူမတစ်ယောက်တည်းကို မြတ်မြတ် နိုးနိုးနဲ့ ချစ်လာခဲ့တာ ဒီနေ့မှာ ရက်ပေါင်း (၁၅၀၀) ရှိလာခဲ့ပါပြီ။ အရာရာ ကို နားလည်မှုတွေနဲ့ ပျော်ရွှင်စရာနေ့ ရက်ပေါင်း (၁၅၀၀) ဖြစ်အောင်လည်း ဖန်တီးပေး ခဲ့တဲ့အတွက် ကျေးဇူး အထူးပါ မိန်းမရေ ဆိုပြီး အမိုက်စားစုံတွဲပုံလေးတွေနဲ့အတူ သီချင်းအသစ်လေး ကိုပါ မျှဝေပေးခဲ့ပါတယ်။ နားထောင်လိုက်ရုံနဲ့ Ah Boy ရဲ့ မြတ်အပေါ်မှာထားတဲ့ အချစ်တွေကို ခံစားမိပြီး အားကျသွားစေရမယ့် ကျေးကျွန်သီချင်းလေး ကိုတော့ JOOX မှာနားထောင်လို့ ရနေပါပြီနော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment