Celebrity


Written by Ms Cele






Asia Special Award ဆုကြီးကို ကိုင်ဆောင်ပြီး အင်္ဂလိပ် ဘာသာစကားနဲ့ ကျေးဇူးတင် စကားဆို ခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် ထိပ်တန်း မင်းသမီး ဖွေးဖွေး ကတော့ သူမရဲ့ အနုပညာ သက်တမ်း (၁၃) နှစ်ကျော် အတွင်းမှာ “လက်ပံ”၊ “ကျွန်မကနှင်းဆီပါမောင်”၊ “ရွှေကြာ” စတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု သုံးဆုတိတိ ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ခါ မှာလည်း ဖွေးဖွေးက သူမကိုချစ်ကြတဲ့ ပရိသတ်တွေ ဂုဏ်ယူ ဝမ်းမြောက်နိုင်ဖို့ တောင်ကိုရီးယားနိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ Asia Special Award ဆုကြီးကို ရရှိဆွတ်ခူးနိုင်ခဲ့ပြီပ ဲဖြစ်ပါတယ်။

ဖွေးဖွေး ကတော့ ကပ်ရောဂါ အခြေအနေတွေကြောင့် ကိုရီးယားနိုင်ငံထိ သွားရောက်ပြီး ဆုသွားမယူ နိုင်ခဲ့ပေမယ့် ဆုကတော့ အိမ်အရောက် လက်ခံရရှိ ခဲ့တာမို့ Asia Special Award ဆုအတွက်လည်း သူမကိုယ်တိုင် ဆုတံဆိပ်ကြီး ကိုင်ဆောင်ပြီး LED Board ပေါ်မှာ အင်္ဂလိပ် ဘာသာစကားနဲ့ ကျေးဇူးတင် ဝမ်းမြောက်စကား ပြောနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် ဖွေးဖွေးရဲ့ ရင်ထဲက ဝမ်းသာပီတိ စကားလေးတွေကို မျှဝေတင်ဆက်ပေး လိုက်ရပါတယ်နော်။

ဖွေးဖွေးကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြိုကို လူကိုယ်တိုင် တက်ရောက်ပြီး ဆုမယူနိုင် ခဲ့ပေမယ့် ဆုကြီး ကတော့ သူမရဲ့ လက်ထဲ ရောက်ရှိလို့ နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးနဲ့ ထပ်တူ ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment