Celebrity


Written by Ms Cele






Black & White ဖက်ရှင်လေး တွေနဲ့ မြင်သူတိုင်း ကို သဘောကျ စေခဲ့တဲ့ ဖွေးစိန် နဲ့ ရွှေကစ်လေး တို့ညီအစ်မ နှစ်ယောက်

နိုင်ငံကျော်သရုပ်ဆောင် တွေဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ကတော့ အောင်မြင်တဲ့နေရာမှာ အသီးသီးရည်တည် နေကြတဲ့ ထိပ်တန်း မင်းသမီးတွေပဲ ဖြစ်ကြပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်က တစ်ရက်ကြီး တစ်ရက်ငယ် ညီအစ်မတစ်ဝမ်းကွဲ တွေဖြစ်သလို အကယ်ဒမီဆုကြီးတွေနဲ့ နိုင်ငံခြားက ဆုတံဆိပ်ကြီးတွေ ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရရှိထားတာပဲ ဖြစ်ပါတယ်ယ။ ပရိသတ်တွေကလည်း အရည်အချင်းတူ၊ ကျော်စောမှုခြင်းတူညီတဲ့ ဝတ်မှုံရွှေရည်နဲ့ ဖွေးဖွေးတို့ ညီအစ်မ နှစ်ယောက်စလုံးကို ထပ်တူညီတဲ့ အချစ်တွေနဲ့ အားပေးကြ တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့က တစ်ဝမ်းတည်းသာ ကွဲတဲ့ ညီအစ်မတွေဖြစ်ပေမယ့် ကိုယ်စီအလုပ် တွေကြောင့် အတူတူ လုပ်ဆောင်တဲ့ အနုပညာလှုပ်ရှားမှုတွေ ရှားပါးလှတာပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၁၁) ရက်နေ့မှာတော့ ထူးထူးခြားခြားအနေနဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မ နှစ်ယောက်က နာမည်ကြီးနာရီ အမှတ်တံဆိပ်အတွက် ထုတ်ကုန်သစ်ပစ္စည်းမိတ်ဆက်ပွဲကို အတူတူတက်ရောက် ခဲ့ကြပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့က အဖြူအမည်း ဖက်ရှင်လေးတွေနဲ့ တစ်ယောက်တစ်မျိုးစီ လှနေကြပြီး မြင်သူတိုင်းကို သဘောကျကြည်နူးစေ ခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မနှစ်ယောက် စလုံးကို အတူတူပူးတွဲမြင်ရတာ သူတို့အတွက်လည်း ရှားပါးလှသလို ပရိသတ်တွေ အတွက်လည်း အထူးအဆန်းဖြစ်ခဲ့ တာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မနှစ်ယောက် နောက်ထပ်အနုပညာလှုပ်ရှားမှုတွေ အတူတကွလုပ်ကိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment