Celebrity

CDMေၾကာင့္ ေဆး႐ုံ မသြားရတဲ့ လူနာေတြကို အခမဲ့ ကုသေပးေနတဲ့ သူမရဲ့သူငယ္ခ်င္းေဆးခန္းမွာ ကူညီကုသေပးေနတဲ့ နီနီခင္ေဇာ္

Written by Ms Cele

CDMေၾကာင့္ ေဆး႐ုံ မသြားရတဲ့ လူနာေတြကို အခမဲ့ ကုသေပးေနတဲ့ သူမရဲ့သူငယ္ခ်င္းေဆးခန္းမွာ ကူညီကုသေပးေနတဲ့ နီနီခင္ေဇာ္

အဆိုေတာ္နီနီခင္ေဇာ္ ကေတာ့ အဆိုၿပိဳင္ပြဲတစ္ခုကေန လူသိမ်ားလာၿပီး ခုဆိုရင္ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ေနခဲ့ၿပီး ကိုယ္ပိုင္ စီးပြားေရးမ်ားကိုလည္း ေအာင္ျမင္စြာလုပ္ကိုင္ေနခဲ့သူျဖစ္ပါတယ္။ နီနီကေတာ့ The Voice Myanmar မွာဒိုင္တစ္ဦးအေနနဲ႔ ပါဝင္ခဲ့လည္း ျဖစ္ပါတယ္။ ခုျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံမွာ ေနထိုင္သူအခ်င္းခ်င္းမွာ မတရားမႈကို ခံေနရတဲ့ ျမန္မာျပည္သူအမ်ားအတြက္လည္း ရင္ဘတ္ခ်င္းထပ္တူက်ခဲ့တဲ့ အႏုပညာရွင္ထဲမွာ နီနီခင္ေဇာ္လည္း ပါဝင္ခဲ့တာေၾကာင့္ ဒီေန႔မွာလည္း

ပရိတ္သတ္ အခ်စ္ေတာ္ အဆိုေတာ္ နီနီခင္ေဇာ္ဟာ CDM မွာကိုယ္တိုင္ပါဝင္ၿပီး CDMေၾကာင့္ ေဆး႐ုံ မသြားရတဲ့ လူနာေတြကို အခမဲ့ ကုသေပးေနတဲ့ သူမရဲ့သူငယ္ခ်င္းေဆးခန္းမွာ ေဆးအကူအေနနဲ႔ ကူညီကုသေပးခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး နီနီခင္ေဇာ္ကသူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ “နီနီ Medical Practice မလုပ္တာ ၈ႏွစ္ရွိပါၿပီ။ အစိုးရဝန္ထမ္းမဟုတ္ CDMကို ကိုယ္တိုင္ပါဝင္ခြင့္မရခဲ့လို႔ တတ္သိထားတဲ့ပညာနဲ႔ CDMကိုဦးဆုံးပါဝင္ခဲ့တဲ့၊ က်မသူငယ္ခ်င္း Dr.ထြန္းစရဲ့ CDMေၾကာင့္ ေဆး႐ုံမသြားရတဲ့ လူနာေတြ အခမဲ့ကုသကူညီေပးေနတဲ့ ေဆးခန္းမွာ ဒီေန႔ ေဆးအကူအျဖစ္သာ ကူညီခြင့္ရခဲ့ပါတယ္။

စကားၾကဳံတုန္းေျပာခ်င္ တာက အႏုပညာ အလုပ္လုပ္လို႔တဲ့ မဆီမဆိုင္ တႏွစ္တတန္းေအာင္ၿပီး ဘြဲ႕ရပါလၽွက္ ေဆးကုသခြင့္ လိုင္စင္ ဆမ ထုတ္မေပးခဲ့တဲ့ ေဆးေကာင္စီကိုလည္း တပါတည္းေျပာခ်င္တာက၊ ျမန္မာျပည္တခုထဲမွာပဲရွိတဲ့ မမၽွတတဲ့ စည္းကမ္းေတြကိုလည္း ျပင္ေစခ်င္ပါပီ ဘက္စုံ ထူးခၽြန္လာမယ့္ ေနာက္မ်ိဳးဆက္အတြက္ပါ (ဆရာဝန္ျဖစ္ေသာ္ျငား အျခားအလုပ္လုပ္သူမ်ား ဆမ ရၾကပါတယ္ အႏုပညာအလုပ္တခုသာ မေပးေသာ) ေနာက္တခုေျပာခ်င္တာက ထစ္ကနဲဆို ဆရာဝန္ အႏုပညာရွင္ေတြဟာ က်န္းမာေရးအသိေပးအေနနဲ႔ ျပည္သူ႔ထံေရွ႕ဆုံးက ထြက္ရတာပါ။

အေရးႀကီးတာ ကေတာ့ CDMေတြ တနိုင္ငံလုံ းအျမန္ဆုံး ေအာင္ျမင္ရပါမယ္။ မဟုတ္ရင္ နစ္နာရတဲ့သူေတြဟာ ျပည္သူေတြသာ ျဖစ္ပါလိမ့္မယ္။ CDMလုပ္ေပးၾကတဲ့ ကိုထြန္းစအပါအဝင္ က်မ သူငယ္ခ်င္း ဆရာဝန္မ်ား CDM ကိုSupport ေပးေသာ အခမဲ့ ေဆး႐ုံေဆးခန္းမ်ား ဝန္ထမ္းမ်ား အားလုံးကို ေလးစားဦးညႊတ္လၽွက္ CDMကာလ အတြင္း ေဆးခန္းတပတ္ ၂ရက္ထိုင္ ကူေပးပါမယ္။ နီနီထိုင္တဲ့ ရက္ေတြ လာျပသမၽွ ေဆးဖိုးဝါးခေတြ ဒါနျပဳေပးပါမယ္ရွင္”ဆိုၿပီး ေဖာ္ျပလာခဲ့ပါတယ္။နီနီ ထိုင္မဲ့ ေဆးခန္းေလးက ေျမာက္ဥကၠလာက ေရႊေဆးခန္းေလးပဲ ျဖစ္ပါတယ္ေနာ္။ဖတ္ရႈအားေပးခဲ့ၾကတဲ့ ပရိတ္သတ္ႀကီး အားလုံး ေက်းဇူးအမ်ားႀကီးတင္ရွိပါတယ္။

Source: Ni Ni Khin Zaw
Credit:Cele World

CDMကြောင့် ဆေးရုံ မသွားရတဲ့ လူနာတွေကို အခမဲ့ ကုသပေးနေတဲ့ သူမရဲ့သူငယ်ချင်းဆေးခန်းမှာ ကူညီကုသပေးနေတဲ့ နီနီခင်ဇော်

အဆိုတော်နီနီခင်ဇော် ကတော့ အဆိုပြိုင်ပွဲတစ်ခုကနေ လူသိများလာပြီး ခုဆိုရင်အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီး ကိုယ်ပိုင် စီးပွားရေးများကိုလည်း အောင်မြင်စွာလုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ နီနီကတော့ The Voice Myanmar မှာဒိုင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့လည်း ဖြစ်ပါတယ်။ ခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ နေထိုင်သူအချင်းချင်းမှာ မတရားမှုကို ခံနေရတဲ့ မြန်မာပြည်သူအများအတွက်လည်း ရင်ဘတ်ချင်းထပ်တူကျခဲ့တဲ့ အနုပညာရှင်ထဲမှာ နီနီခင်ဇော်လည်း ပါဝင်ခဲ့တာကြောင့် ဒီနေ့မှာလည်း

ပရိတ်သတ် အချစ်တော် အဆိုတော် နီနီခင်ဇော်ဟာ CDM မှာကိုယ်တိုင်ပါဝင်ပြီး CDMကြောင့် ဆေးရုံ မသွားရတဲ့ လူနာတွေကို အခမဲ့ ကုသပေးနေတဲ့ သူမရဲ့သူငယ်ချင်းဆေးခန်းမှာ ဆေးအကူအနေနဲ့ ကူညီကုသပေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နီနီခင်ဇော်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ “နီနီ Medical Practice မလုပ်တာ ၈နှစ်ရှိပါပြီ။ အစိုးရဝန်ထမ်းမဟုတ် CDMကို ကိုယ်တိုင်ပါဝင်ခွင့်မရခဲ့လို့ တတ်သိထားတဲ့ပညာနဲ့ CDMကိုဦးဆုံးပါဝင်ခဲ့တဲ့၊ ကျမသူငယ်ချင်း Dr.ထွန်းစရဲ့ CDMကြောင့် ဆေးရုံမသွားရတဲ့ လူနာတွေ အခမဲ့ကုသကူညီပေးနေတဲ့ ဆေးခန်းမှာ ဒီနေ့ ဆေးအကူအဖြစ်သာ ကူညီခွင့်ရခဲ့ပါတယ်။

စကားကြုံတုန်းပြောချင် တာက အနုပညာ အလုပ်လုပ်လို့တဲ့ မဆီမဆိုင် တနှစ်တတန်းအောင်ပြီး ဘွဲ့ရပါလျှက် ဆေးကုသခွင့် လိုင်စင် ဆမ ထုတ်မပေးခဲ့တဲ့ ဆေးကောင်စီကိုလည်း တပါတည်းပြောချင်တာက၊ မြန်မာပြည်တခုထဲမှာပဲရှိတဲ့ မမျှတတဲ့ စည်းကမ်းတွေကိုလည်း ပြင်စေချင်ပါပီ ဘက်စုံ ထူးချွန်လာမယ့် နောက်မျိုးဆက်အတွက်ပါ (ဆရာဝန်ဖြစ်သော်ငြား အခြားအလုပ်လုပ်သူများ ဆမ ရကြပါတယ် အနုပညာအလုပ်တခုသာ မပေးသော) နောက်တခုပြောချင်တာက ထစ်ကနဲဆို ဆရာဝန် အနုပညာရှင်တွေဟာ ကျန်းမာရေးအသိပေးအနေနဲ့ ပြည်သူ့ထံရှေ့ဆုံးက ထွက်ရတာပါ။

အရေးကြီးတာ ကတော့ CDMတွေ တနိုင်ငံလုံ းအမြန်ဆုံး အောင်မြင်ရပါမယ်။ မဟုတ်ရင် နစ်နာရတဲ့သူတွေဟာ ပြည်သူတွေသာ ဖြစ်ပါလိမ့်မယ်။ CDMလုပ်ပေးကြတဲ့ ကိုထွန်းစအပါအဝင် ကျမ သူငယ်ချင်း ဆရာဝန်များ CDM ကိုSupport ပေးသော အခမဲ့ ဆေးရုံဆေးခန်းများ ဝန်ထမ်းများ အားလုံးကို လေးစားဦးညွှတ်လျှက် CDMကာလ အတွင်း ဆေးခန်းတပတ် ၂ရက်ထိုင် ကူပေးပါမယ်။ နီနီထိုင်တဲ့ ရက်တွေ လာပြသမျှ ဆေးဖိုးဝါးခတွေ ဒါနပြုပေးပါမယ်ရှင်”ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။နီနီ ထိုင်မဲ့ ဆေးခန်းလေးက မြောက်ဥက္ကလာက ရွှေဆေးခန်းလေးပဲ ဖြစ်ပါတယ်နော်။ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ကျေးဇူးအများကြီးတင်ရှိပါတယ်။

Source: Ni Ni Khin Zaw
Credit:Cele World

About the author

Ms Cele

Leave a Comment