Celebrity

CDMမွာ ပါဝင္လို႔ ေနေရး စားေရ အခက္အခဲ ျဖစ္သြားတဲ့ ျပည္သူ႔ ဝန္ထမ္းအခ်ိဳ႕ကို ေနရာထိုင္ခင္း စီစဥ္ေပးမယ့္ Rဇာနည္

Written by Ms Cele

CDMမွာ ပါဝင္လို႔ ေနေရး စားေရ အခက္အခဲ ျဖစ္သြားတဲ့ ျပည္သူ႔ ဝန္ထမ္းအခ်ိဳ႕ကို ေနရာထိုင္ခင္း စီစဥ္ေပးမယ့္ Rဇာနည္

Rဇာနည္ကလည္း သူ႕ရဲ႕လူမႈကြန္ရက္မွာ ယခုလိုေရးသားထား ပါတယ္။”ရန္ကုန္မွာ Civil Disobedience Movementမွာ ပါဝင္လို႔ ေနေရး စားေရ အခက္အခဲျဖစ္သြားတဲ့ ျပည္သူ႔ဝန္ထမ္း အခ်ိဳ႕ကို ေနရာထိုင္ခင္း စီစဥ္၍ ျပင္ဆင္ေဆာင္ရြက္ေပးေနပါၿပီ။ ၾကားျဖတ္ ဝမ္းသာစရာ ေျပာရမယ္ဆိုရင္ေ နျပည္ေတာ္မွာ အိမ္,ၿခံ,တိုက္၅လုံးထက္မနည္း စိတ္ႀကိဳက္သုံးဖို႔ ေပးလႉလာၾကပါတယ္။ မႏၲေလးမွာလဲ အိမ္ ရလုံးထက္မနည္း ေပးလႉလာၾကပါတယ္။ ၿပီးေတာ့ မေကြးမွာလဲ အိမ္အလႉေပၚလာပါတယ္။ျပည္သူကို ျပည္သူက ေစာင့္ေရွာက္တာ ဝမ္းသာမ်က္ရည္ က်ရပါတယ္။

အခ်ိဳ႕ဝန္ထမ္းေတြ က်ေတာ့လဲ က်ေနာ္တို႔ ဝန္ပိမွာစိုးလို႔ Civil Disobedienceလုပ္ၿပီး အဆင္ေျပသလို ေနၾကပါတယ္။ အလႉေငြ(ေငြေၾကး)မ်ား ကိုေတာ့ (လုံးဝ)လက္မခံေသးပါ။ က်ေနာ္တို႔ အိမ္,အခန္းေတြ ငွါးရင္သာ ေဈးေလၽွာ့ေပးျခင္းျဖင့္ ကူညီနိုင္ပါတယ္။ ဒီလႈပ္ရွားမႈဟာ ျပည္သူထဲက ျပည္သူေတြျဖစ္တဲ့ အႏုပညာသမားမ်ား ပရဟိတအဖြဲ႕မ်ားမွ ဦးေဆာင္တာ ဆိုေပမယ့္ ျပည္သူ႔အတြက္ ျပည္သူက ဦးေဆာင္တာပါ။”

”စီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ားရဲ့ အခန္းလြတ္ အိမ္/ၿခံမ်ား၊ တိုက္ခန္းမ်ား လ,အကန႔္ အသတ္ျဖင့္ ေပးသုံးမယ္,လႉၾကမယ္ဆိုရင္ေတာ့ ဝမ္းသာစြာ လက္ခံပါမယ္ခင္ဗ်ာ ကိုယ္ထူကိုယ္ထ လုပ္ၾကမယ္ဆိုရင္လဲ က်ေနာ္တို႔ပါဝင္ဖို႔ အသင့္ပါခင္ဗ်ာ” Civil Disobedience Movementမွာ မတရားမႈကို ဆန႔္က်င္ေသာ ျပည္သူ႔ ဝန္ထမ္းမ်ားအား နိုင္ငံေရး၊ စီးပြားေရးအႏုပညာေရး အလႊာစုံမွျပည္သူမ်ားက ကူညီေစာင့္ေရွာက္ၾကပါစို႔ ”ဝန္ထမ္းေတြ နီးရာဓ.ါးေၾကာက္ေနရရင္ ဓါ.းမရွိတဲ့ဘက္မွာ ရပ္တည္လိုက္ပါ” ေဒၚေအာင္ဆန္းစုၾကည္။ ေလးစားစြာျဖင့္…ဆိုၿပီး တင္ျပထားတာကိုေတြ႕ရပါတယ္ေနာ္။

Source:R ZAR NI’s fb
TWWH(Cele Posts)

CDMမှာ ပါဝင်လို့ နေရေး စားရေ အခက်အခဲ ဖြစ်သွားတဲ့ ပြည်သူ့ ဝန်ထမ်းအချို့ကို နေရာထိုင်ခင်း စီစဉ်ပေးမယ့် Rဇာနည်

Rဇာနည်ကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ ယခုလိုရေးသားထား ပါတယ်။”ရန်ကုန်မှာ Civil Disobedience Movementမှာ ပါဝင်လို့ နေရေး စားရေ အခက်အခဲဖြစ်သွားတဲ့ ပြည်သူ့ဝန်ထမ်း အချို့ကို နေရာထိုင်ခင်း စီစဉ်၍ ပြင်ဆင်ဆောင်ရွက်ပေးနေပါပြီ။ ကြားဖြတ် ဝမ်းသာစရာ ပြောရမယ်ဆိုရင်ေ နပြည်တော်မှာ အိမ်,ခြံ,တိုက်၅လုံးထက်မနည်း စိတ်ကြိုက်သုံးဖို့ ပေးလှူလာကြပါတယ်။ မန္တလေးမှာလဲ အိမ် ရလုံးထက်မနည်း ပေးလှူလာကြပါတယ်။ ပြီးတော့ မကွေးမှာလဲ အိမ်အလှူပေါ်လာပါတယ်။ပြည်သူကို ပြည်သူက စောင့်ရှောက်တာ ဝမ်းသာမျက်ရည် ကျရပါတယ်။

အချို့ဝန်ထမ်းတွေ ကျတော့လဲ ကျနော်တို့ ဝန်ပိမှာစိုးလို့ Civil Disobedienceလုပ်ပြီး အဆင်ပြေသလို နေကြပါတယ်။ အလှူငွေ(ငွေကြေး)များ ကိုတော့ (လုံးဝ)လက်မခံသေးပါ။ ကျနော်တို့ အိမ်,အခန်းတွေ ငှါးရင်သာ ဈေးလျှော့ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ အနုပညာသမားများ ပရဟိတအဖွဲ့များမှ ဦးဆောင်တာ ဆိုပေမယ့် ပြည်သူ့အတွက် ပြည်သူက ဦးဆောင်တာပါ။”

”စီးပွားရေး လုပ်ငန်းရှင်ကြီးများရဲ့ အခန်းလွတ် အိမ်/ခြံများ၊ တိုက်ခန်းများ လ,အကန့် အသတ်ဖြင့် ပေးသုံးမယ်,လှူကြမယ်ဆိုရင်တော့ ဝမ်းသာစွာ လက်ခံပါမယ်ခင်ဗျာ ကိုယ်ထူကိုယ်ထ လုပ်ကြမယ်ဆိုရင်လဲ ကျနော်တို့ပါဝင်ဖို့ အသင့်ပါခင်ဗျာ” Civil Disobedience Movementမှာ မတရားမှုကို ဆန့်ကျင်သော ပြည်သူ့ ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေးအနုပညာရေး အလွှာစုံမှပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့ ”ဝန်ထမ်းတွေ နီးရာဓ.ါးကြောက်နေရရင် ဓါ.းမရှိတဲ့ဘက်မှာ ရပ်တည်လိုက်ပါ” ဒေါ်အောင်ဆန်းစုကြည်။ လေးစားစွာဖြင့်…ဆိုပြီး တင်ပြထားတာကိုတွေ့ရပါတယ်နော်။

Source:R ZAR NI’s fb
TWWH(Cele Posts)

About the author

Ms Cele

Leave a Comment