Celebrity


Written by Ms Cele





Credit

Commentတွေမှာ အကောင့်တုနဲ့ ရိုင်းရိုင်းစိုင်းစိုင်းတွေရေးတာ သူမ မဟုတ်ကြောင်း ရှင်းပြလာတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ Beauty Blogger အနုပညာရှင် တစ်ဦးဖြစ်သူ နေခြည်ဦး ကိုတော့ အထူးအထွေ မိတ်ဆက် ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။ နေခြည်ဦးကတော့ Beauty blogger တစ်ယောက် အနေနဲ့ စတင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်နော်..။

နေခြည်ဦး ကတော့ ဖခင်ဖြစ်သူရဲ့ နောက်ခံခြေနေကြောင့် ပရိသတ်တွေရဲ့ အားပေးမှု တွေ မရှိတော့ဘဲ Anti Fan များလို့ပါ သူမကို တိုက်ခိုက်ပြောဆိုမှု များ များပြားလာခဲ့ပါတယ်..။ ဒီကနေ့ သြဂုတ်လ(၂၀)ရက်နေ့မှာ တော့ နေခြည်ဦးက ရိုင်းစိုင်းစွာ ပြောဆိုနေမှု တွေက သူမ မဟုတ်ကြောင်းကို “အခုအချိန်မှာ ဒီလို post တွေမတင်ချင်ပါဘူး.။

ဒါပေမယ့် FAKE account တွေကြောင့် အထင်လွဲ တာမျိုး မဖြစ်အောင်ပါ။ နေခြည့် account အစစ်နဲ့မန့်တိုင်း ဘေးမှာ 🔺 “creator” 🔺ဆိုပြီးအနီရောင်လေးပါပါတယ်။ မပါတဲ့ account အတုတွေနဲ့ post တွေအောက်မှာအထင်လွဲအောင် ရိုင်းရိုင်းစိုင်းစိုင်း ရေးနေတာတွေရှိလို့ပါ။ကျန်တဲ့မိသားစုဝင်တွေလည်းဘယ်သူမှ tik tok သုံးနေခြင်း မရှိပါ။ အားလုံးကျန်းမာကြပါစေ အေးချမ်းကြပါစေ 🥰🙏🏻🌶” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာတင်လာခဲ့ပါတယ်.။

Credit

About the author

Ms Cele

Leave a Comment