Celebrity

Covid ေရာဂါနဲ႔ကြယ္လြန္သြားတဲ့ ဦးဧရာ အတြက္ ေထာက္ပံ့ေငြကို က်န္ရစ္သူ မိသားစုထံ ၿဖိဳးေငြစိုးက တစ္ဆင့္ ေပးအပ္ ကူညီလိုက္တဲ့ ေနေ႐ႊေသြးေအာင္

Written by Ms Cele

Covid ေရာဂါနဲ႔ကြယ္လြန္သြားတဲ့ ဦးဧရာ အတြက္ ေထာက္ပံ့ေငြကို က်န္ရစ္သူ မိသားစုထံ ၿဖိဳးေငြစိုးက တစ္ဆင့္ ေပးအပ္ ကူညီလိုက္တဲ့ ေနေ႐ႊေသြးေအာင္

မေန႔က မနက္ (၃)နာရီေက်ာ္ခန္႔မွာ ကြယ္လြန္သြားတဲ့ ဟာသ သ႐ုပ္ေဆာင္၊ လူ႐ႊင္ေတာ္ကႀကီး ဦးဧရာရဲ႕နာေရးသတင္း ကေတာ့ ၾကားသိရသူတိုင္းကို စိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္ ။ ဦးဧရာက က်န္းမာေရးမေကာင္းတာေၾကာင့္ ေဆးကုသမႈအႀကိမ္ႀကိမ္ခံယူ ခဲ့တာေတာင္မွ ဘဝကို အရႈံးမေပးဘဲ ရပ္တည္ေနခဲ့သူ တစ္ဦး ျဖစ္ပါတယ္ ။ ဒီတစ္ခါမွာေတာ့ ဦးဧရာ တစ္ေယာက္ Covid 19 ေရာဂါဆိုးႀကီး ကူးစက္ခံစားခဲ့ရၿပီး ဘဝတစ္ပါး ကိုေျပာင္းသြားခဲ့ရတာ ျဖစ္ပါတယ္ ။

ဦးဧရာရဲ႕သတင္းေၾကာင့္ အႏုပညာ အသိုင္းအဝိုင္း တစ္ခုလုံးက စိတ္မေကာင္းျဖစ္ကာ ဝမ္းနည္းေၾကကြဲခဲ့ရတာ ျဖစ္ပါတယ္ ။ ေနေ႐ႊေသြးေအာင္အေနနဲ႔ကလည္း လူ႐ႊင္ေတာ္ႀကီး ဦးဧရာအတြက္ က်န္ရစ္သူမိသားစုနဲ႔အတူ ထပ္တူထပ္မွ် ဝမ္းနည္းေနတာေၾကာင့္ သူတတ္ႏိုင္တဲ့ ဘက္ကေန ကူညီေထာက္ပံ့ေပးလိုက္တာ ျဖစ္ပါတယ္ ။ ေနေ႐ႊေသြးေအာင္က သ႐ုပ္ေဆာင္မင္းသား ၿဖိဳးေငြစိုးရဲ႕အကူအညီကို ရယူၿပီး နာေရးကူေငြကို က်န္ရစ္တဲ့ မိသားစုထံ ေပးအပ္ေစခဲ့တာ ျဖစ္ပါတယ္ ။

ေနေ႐ႊေသြးေအာင္က “ျပည္သူခ်စ္ေသာ ဟာသသ႐ုပ္ေဆာင္ဦးဧရာ Covid ေရာဂါျဖင့္ကြယ္လြန္သြားသည့္ အတြက္ မိသားစုႏွင္ထပ္တူ ဝမ္းနည္းရပါသည္။ ကိုၿဖိဳးေငြစိုးထံမွ တစ္ဆင့္လည္း က်စ္ရစ္သူမိသားစုထံကူညီေထာက္ပံ့ ခဲ့ပါသည္။ အန္ကယ္ဦးဧရာ ေကာင္းရာသုဂတိလားပါေစ ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္ ။ မေန႔ကပဲ ကြယ္လြန္သြားတဲ့ လူ႐ႊင္ေတာ္ႀကီးဦးဧရာအတြက္ ေနေ႐ႊေသြးေအာင္ ကူညီတဲ့ ေထာက္ပံ့ေငြကို က်န္ရစ္သူမိသားစုထံ သြားေရာက္ေပး အပ္ခဲ့တဲ့ ၿဖိဳးေငြစိုးရဲ႕ပုံရိပ္ကိုလည္း ျပန္လည္မွ်ေဝေပးလိုက္ ပါတယ္ေနာ္ ။

Credit:Swelsone News

Covid ရောဂါနဲ့ကွယ်လွန်သွားတဲ့ ဦးဧရာ အတွက် ထောက်ပံ့ငွေကို ကျန်ရစ်သူ မိသားစုထံ ဖြိုးငွေစိုးက တစ်ဆင့် ပေးအပ် ကူညီလိုက်တဲ့ နေရွှေသွေးအောင်

မနေ့က မနက် (၃)နာရီကျော်ခန့်မှာ ကွယ်လွန်သွားတဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကကြီး ဦးဧရာရဲ့နာရေးသတင်း ကတော့ ကြားသိရသူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဦးဧရာက ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုအကြိမ်ကြိမ်ခံယူ ခဲ့တာတောင်မှ ဘဝကို အရှုံးမပေးဘဲ ရပ်တည်နေခဲ့သူ တစ်ဦး ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ ဦးဧရာ တစ်ယောက် Covid 19 ရောဂါဆိုးကြီး ကူးစက်ခံစားခဲ့ရပြီး ဘဝတစ်ပါး ကိုပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ် ။

ဦးဧရာရဲ့သတင်းကြောင့် အနုပညာ အသိုင်းအဝိုင်း တစ်ခုလုံးက စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းကြေကွဲခဲ့ရတာ ဖြစ်ပါတယ် ။ နေရွှေသွေးအောင်အနေနဲ့ကလည်း လူရွှင်တော်ကြီး ဦးဧရာအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းနေတာကြောင့် သူတတ်နိုင်တဲ့ ဘက်ကနေ ကူညီထောက်ပံ့ပေးလိုက်တာ ဖြစ်ပါတယ် ။ နေရွှေသွေးအောင်က သရုပ်ဆောင်မင်းသား ဖြိုးငွေစိုးရဲ့အကူအညီကို ရယူပြီး နာရေးကူငွေကို ကျန်ရစ်တဲ့ မိသားစုထံ ပေးအပ်စေခဲ့တာ ဖြစ်ပါတယ် ။

နေရွှေသွေးအောင်က “ပြည်သူချစ်သော ဟာသသရုပ်ဆောင်ဦးဧရာ Covid ရောဂါဖြင့်ကွယ်လွန်သွားသည့် အတွက် မိသားစုနှင်ထပ်တူ ဝမ်းနည်းရပါသည်။ ကိုဖြိုးငွေစိုးထံမှ တစ်ဆင့်လည်း ကျစ်ရစ်သူမိသားစုထံကူညီထောက်ပံ့ ခဲ့ပါသည်။ အန်ကယ်ဦးဧရာ ကောင်းရာသုဂတိလားပါစေ ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ မနေ့ကပဲ ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဧရာအတွက် နေရွှေသွေးအောင် ကူညီတဲ့ ထောက်ပံ့ငွေကို ကျန်ရစ်သူမိသားစုထံ သွားရောက်ပေး အပ်ခဲ့တဲ့ ဖြိုးငွေစိုးရဲ့ပုံရိပ်ကိုလည်း ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment