Celebrity


Written by Ms Cele






Covid-19 ကူးစက်ခံ ထားရတဲ့ ဦးမိုးဒီရဲ ့အနားမှာ အနီးကပ် ပြုစုပေးနေတယ် ဆိုတဲ့ သားဖြစ်သူ ကောင်းစံ

နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး တစ်ယောက်ဖြစ်တဲ့ ဦးမိုးဒီကတော့ ပရိသတ်တွေ အတွက် မရိုးနိုင်တဲ့ ပြက်လုံးတွေနဲ့ ဘဝအမော ကို ပြေပျောက်စေခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဦးမိုးဒီရဲ့သား ဖြစ်သူ သရုပ်ဆောင် ကောင်းစံကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာ အမွေတွေကို ဆက်ခံထားပြီး ဟာသလူရွှင်တော်၊ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အဖြစ် ရပ်တည် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းစံရဲ့သမီးဖြစ်သူကလည်း အနုပညာ ကျောင်းတက်ပြီး အဘိုးနဲ့ အဖေရဲ့ အနုပညာ အမွေတွေကို ဆက်ခံဖို့ ကြိုးစားနေတယ်လို့ ကောင်းစံက အင်တာဗျူးတွေမှာ ဖြေကြားဖူး တာပဲ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဦးမိုးဒီက Covid-19 ရောဂါပိုးကူးစက်ခံ ရလို့ ဧရာဝတီ ကိုဗစ်စင်တာမှာ ဆေးကုသမှုခံ ယူနေရတာပဲ ဖြစ်ပါတယ်။ ဦးမိုးဒီကတော့ နဂိုကတည်းက ရောဂါအခံတွေရှိလို့ ပရိသတ်တွေ စိုးရိမ်နေကြ ပေမယ့် ဦးမိုးဒီရဲ့ သား သရုပ်ဆောင်ကောင်းစံက ဦးမိုးဒီကို အနီးကပ်စောင့်ရှောက် ပေးနေပြီး ဦးမိုးဒီကလည်း ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာလျက် ရှိတယ်လို့ Covid-19 လူနာတစ်ဦးဖြစ်သူ သရုပ်ဆောင်နေလင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြထားပါတယ်။

ဦးမိုးဒီ ကတော့ ဆရာဝန်ကြီးတွေရဲ့ အကောင်းဆုံး ကုသပေးမှုတွေနဲ့အတူတူ သားဖြစ်သူ ကောင်းစံကလည်း အနီးကပ်ပြုစုပေး နေတာမို့ မကြာခင်အချိန် အတွင်း ဆေးရုံက ဆင်းလာနိုင်ဖို့ မျှော်လင့်ရပါတယ်။ ပရိသတ်ကြီး ကလည်း ဦးမိုးဒီတစ်ယောက် အမြန်ဆုံးနေကောင်း ကျန်းမာစေဖို့ ဆုတောင်း ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment